ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
လောင်းလုံးမြို့နယ် အခြေခံပညာ ကျောင်းသားများ သမဂ္ဂနှင့် လူငယ်များ ပူးပေါင်းကာ ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် “အတုအယောင် ပြည်ထောင်စုဝါဒ လူထုအားနဲ့ဖယ်ရှားကြ” စာတန်းကိုင်ဆောင်ကာ စစ်အုပ်စု သတ်မှတ်ခဲ့သော နိုင်ငံအလံအား မီးရှို့ပြီး ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။