ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃
နိုင်ငံတစ်ဝန်းရှိ ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနများမှ Non-CDM ဝန်ထမ်းများ၏ ဇနီးများ စစ်သင်တန်း ပေးရန် အကြမ်းဖက်စစ်ကောင်စီက စာရင်းကောက်ခံနေကြောင်း နေပြည်တော်ဝန်ထမ်းအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ် သစ်သတင်းဌာနသို့ ပြောဆိုသည်။ “အခု စာရင်းတောင်းတာကလေ နောက်ပိုင်းစာတွေမထွက်ဘဲဖုံး Fax နဲ့ပဲဇယားပို့ပြီးတောင်းပါတယ်။ စစ် သင်တန်းမတက်ရသေးတဲ့ဝန်ထမ်းများနဲ့ ဝန်ထမ်းဇနီးများ စစ်သင်တန်းတက်ရောက်ရန်စာရင်းပြုစုတင်ပြခိုင်း ပါတယ်။ ပြည်ထဲ ရေးလက်အောက် တပ်ရင်း၊တပ်ဖွဲ့များနဲ့ဦးစီးဌာနများပါသလို မြန်မာနိုင်ငံရဲတပ် ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အကျဥ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာနလည်းပါတယ်။ အခြားဝန်ကြီးဌာနတွေလည်းပါတယ်” ဟု နေပြည်တော်ဝန်ထမ်းတစ်ဦးက ပြောသည်။ လက်ရှိတွင်စစ်တပ်က Non-CDM ဝန်ထမ်းများ၏ ဇနီးများကို စစ်သင်တန်းပေးရာတွင် အသက်အရွယ်အားဖြင့် အသက် ၅၀ အောက်များကို အဓိက ထားပြီး သင်တန်းပေးမည်ဖြစ်ကြောင်း၊ ဝန်ထမ်းအများစုက စစ်သင်တန်းမတက်လိုကြသော်လည်း လွန်ဆန်မရနိုင်သည့် အခြေအနေမျိုးဖြစ်နေသည်ဟု ပြောဆိုသည်။ “အခုက ပြေးရင်ပြေး၊ CDM လုပ်မယ်ဆိုရင် ပြေးပဲ။ မပြေးရင် သူတို့ခိုင်းတာ လုပ်ရမယ်။ မလုပ်ရင် ထောင်ချမယ်ဆိုတဲ့ သဘောမျိုးတွေဗျ” ဟု နေပြည် တော်မှ အခြား ဝန်ထမ်းတစ်ဦးက ပြောသည်။