33 C
Yangon

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆရာဝန်ကြီးများ ကိုဗစ်ရောဂါကူးစက်သဖြင့် ဌာန ၅ ခု ယာယီ ပိတ်ထားရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆရာဝန်ကြီးများ ကိုဗစ်ရောဂါကူးစက်သဖြင့် ဌာန ၅ ခု ယာယီ ပိတ်ထားလိုက်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးက တရားဝင် သတင်းထုတ်ပြန်သည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ အထူးကုပြင်ပလူနာဌာနများမှ ဆရာဝန်ကြီးများ ကိုဗစ် ၁၉ ရောဂါ ခံစားနေရသဖြင့် ဌာန ၅ ခုကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း၊ အခြားအထူးကုပြင်ပလူနာဌာနများနှင့်အရေးပေါ်လူနာများအား ပုံမှန်အတိုင်း ဖွင့်လှစ်ကုသပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

လက်ရှိတွင် နေ့စဉ် ကိုဗစ်ကူးစက်ခံရသူ လူနာ ၁၀၀၀ ကျော် တွေ့ရှိနေရပြီး အမှန်တကယ် ကူးစက်မှု ပမာဏမှာ ယင်းပမာဏထက် ပိုမိုများပြားနိုင်ကြောင်း ရန်ကုန်မြို့ခံများက ပြောဆိုကြသည်။

” စတုတ္တလှိုင်းဖြစ်နေပြီလို့တောင် ပြောလို့ရနေပြီ။ အခုက လူတိုင်းဖျားနေတာ။ ချောင်းဆို။ မျက်လုံးတွေနီ။ ပင်ပန်း မောတယ်။ တစ်ခုပဲ ရှေ့က ကိုဗစ်တွေလောက်တော့ အသေအပျောက် မရှိဘူး။ နည်းတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article