31 C
Yangon

စစ်တပ်ပိုင် ဦးပိုင်နှင့် မြန်မာဘီယာ ပူးတွဲ ထုတ်လုပ်နေသော ဂျပန် Kirin မြန်မာနိုင်ငံမှ ထွက်ခွာမှု တရားဝင် ထုတ်ပြန် ကြေညာ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

စစ်တပ်ပိုင် ဦးပိုင်နှင့် မြန်မာဘီယာ ပူးတွဲ ထုတ်လုပ်နေသော ဂျပန် Kirin မြန်မာနိုင်ငံမှ ထွက်ခွာမည်ဟု ယနေ့ တရားဝင်ထုတ်ပြန် ကြေညာသည်။

Kirin Holdings သည် MEHL နှင့် Myanmar Brewery Limited နှင့် Mandalay Brewery Limited တို့နှင့် ဖက်စပ်လုပ်ငန်း နှစ်ခုရှိပြီး Justice for Myanmar က ဂျပန် Kirin ထွက်ခွာခြင်းကို ကြိုဆိုလိုက်သည်။

MEHL သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်အပါအဝင် မြန်မာစစ်တပ်နှင့် ထိပ်တန်းဗိုလ်ချုပ်များကို တိုက်ရိုက်ဘဏ္ဍာငွေ ပေးဆောင်ပြီး MEHL ရှယ်ယာရှင်များသည် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို တိုက်ရိုက်တာဝန်ယူသည့် စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများဖြစ်သည်။

Myanmar Beer ကို အကြီးအကျယ်သပိတ်မှောက်ပြီးနောက် Kirin သည် ၂၀၂၁ ခုနှစ် ပထမနှစ် နှစ်ဝက် တွင် တစ်နှစ်တာရောင်းချရငွေ ၄၆ ရာခိုင်နှုန်း ကျဆင်းသွားကြောင်းကြေညာခဲ့သည်။

Justice For Myanmar မှ ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်က “မြန်မာ၊ ဂျပန်နဲ့ ကမ္ဘာလုံးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်တွေကို MEHL နဲ့ သူတို့ရဲ့ လုပ်ငန်းအဆုံးသတ်ဖို့ Kirin ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။ မြန်မာဘီယာကို သပိတ်မှောက်မှုမှာ သန်းနဲ့ချီပြီး ပါဝင်ခဲ့ကြပြီး စုပေါင်းလုပ်ဆောင်မှုက စစ်ဘက်ဂိုဏ်းကို နှောင့်ယှက်နိုင်ကြောင်း ပြသနေပါတယ်။ Kirin ဟာ မြန်မာစစ်တပ်နဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ ဘယ်တော့မှ စီးပွားရေးမ၀င်သင့်ပါဘူး။ Kirin ၏ အကျိုးအမြတ်များသော ဘီယာချက်စက်ရုံသည် ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများကို ငွေကြေးထောက်ပံ့ပြီး ထိပ်တန်းဗိုလ်ချုပ်များကို ကြွယ်ဝစေပါတယ်။ Kirin က နုတ်ထွက်စဉ်မှာ အကြမ်းဖက်စစ်အစိုးရနဲ့ MEHL ကို ငွေပေးချေမှုတွေကို တားဆီးရမယ်။Kirin နုတ်ထွက်တာကို NUG အစိုးရနဲ့ တိုင်ပင်ပြီး လုပ်ရမယ်။ အခြားစီးပွားရေးကုမ္ပဏီတွေလည်း အကြမ်းဖက်သမားတွေနဲ့ စီးပွားမရှာသင့်ဘူး” ဟု ပြောဆိုသည်။

Daiwa House၊ Eneos Holdings နှင့် Yokogawa Bridge Corp အပါအဝင် စစ်အစိုးရနှင့် စီးပွားရေးလုပ်ကိုင်နေသော အခြားသော ဂျပန်ကုမ္ပဏီများသည် Kirin Holdings ပုံစံအတိုင်း မြန်မာအကြမ်းဖက်စစ်ကောင်စီနှင့် အဆက် အသွယ် ဖြတ်တောက်ပြီး လုပ်ငန်းရုပ်သိမ်းသင့်သည်ဟု JFM က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article