33 C
Yangon

အာဆီယံ အစည်းအဝေး မဖိတ်၍ မတက်ရ၊ မဖိတ်ကြားမှုကြောင့် မတက်ရသော်လည်း စိတ်မကောင်း၊ မတက်ရ၍ စိတ်မကောင်းသော်လည်း ပူးပေါင်းဆောင်ရွက်မည်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့နယ်တွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို စစ်ကောင်စီကို မဖိတ်၍ တက်ရောက်မည်မဟုတ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

အာဆီယံ အစည်းအဝေး နိုင်ငံရေးခေါင်းဆောင်အဆင့် မဖိတ်ကြားဘဲ နိုင်ငံရေးမဟုတ်သည့်နယ်ပယ်မှ သူတစ်ဦး တက်ရောက်ရန် ဖိတ်ကြားကြောင်း၊ ထို့ကြောင့် မတက်တော့ကြောင်း၊ မဖိတ်၍ မတက်ရမှုအတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ စိတ်မကောင်းဖြစ်ရသော်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

“မြန်မာနှင့် အာဆီယံအကြား ပူးပေါင်းဆောင်ရွက်ရေး တိုးတက်မှုရရှိရန် အာဆီယံ ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံတို့က မည်သို့ပင်ကြိုးပမ်းစေကာမူ မြန်မာနိုင်ငံက “မူ”အရ လက်မခံ နိုင်သည့် ယခင်ဆုံးဖြတ်ခဲ့သည့်အခြေအနေသို့ ပြန်လည်ရောက်ရှိလာသည်ကို စိတ်မကောင်း စွာတွေ့ရပါသည်။ သို့ဖြစ်ပါ၍ အာဆီယံတွင် နိုင်ငံတိုင်း တန်းတူရည်တူ ပါဝင်တက်ရောက် ခွင့်ရှိရေးဟူသည့် မူနှင့်ထုံးတမ်းစဉ်လာများကို သွေဖည်နေသည့်အတွက် မလွှဲမရှောင်သာသော အခြေအနေကြောင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ မြန်မာနိုင်ငံက ပါဝင် တက်ရောက်နိုင်မည်မဟုတ်သကဲ့သို့ နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ပုဂ္ဂိုလ်ကိုလည်း စေလွှတ်တက်ရောက်စေနိုင်မည်မဟုတ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ တန်းတူရည်တူရှိရမည့် “မူ” နှင့်အညီ လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်နိုင်ငံများနှင့် အပြု သဘော ဆက်လက်ထိတွေ့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။

ကာတွန်း-နာနတ်သီး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article