31 C
Yangon

ကျောက်ထုမှ ဆောဘက်သို့ ထွက်ခွာလာသည့် စစ်ကား ၁၆ စီး ၃ရက်ကြာ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား ၂၅ဦးထက် မနည်းသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

မကွေးတိုင်း ကျောက်ထု အမြှောက်တပ်မှ ဆောမြို့နယ်သို့ ထွက်ခွာလာသည့် အကြမ်းဖက် စစ်ကောင်စီ စစ်ကား ၁၆စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကျောက်ထု-ဆော လမ်းပိုင်းတွင် ၇ရက်ကြာ ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂၅ဦးထက်မနည်း သေဆုံးကာ ကား၄စီး ထိခိုက် ပျက်စီးခဲ့ကြောင်း People defence Force – Saw Township တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ဖေဖော်ဝါရီလ ၇ရက်နေ့တွင် ကျောက်ထု အမြှောက်တပ်မှ ဆောမြို့ဘက်သို့ စစ်ကား ၁၆ စီး၊ အင်အား ၃၀၀ ခန့်ဖြင့် စတင်ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ကံချောင်းတံတားနှင့် ဆောမြို့ကြားတွင် PDF-SAWမှ လက်နက်ကြီးများ မိုင်းများဖြင့် တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးကျည် ထိမှန်ကာ စစ်သား ၈ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ညနေပိုင်းတွင် PDF-SAW နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အကျအဆုံးအထိအခိုက်များခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်လည်း PDF-SAW နှင့် မဟာမိတ်များပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီ တပ်ဖွဲ့များထပ်မံ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့များ ထိခိုက်သေဆုံးမှု များပြားခဲ့သည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညနေပိုင်းတွင် PDF- SAW နှင့်မဟာမိတ်တပ်များက အဆိုပါ စစ်ကားများ ရပ်နားထားသော ယဉ်တန်းကို လက်နက်ကြီးများ၊ အဝေးပစ် လက်နက်ငယ်များဖြင့် မိနစ်(၃၀)ခန့် တရစပ် ပစ်ခတ် တိုက်ခိုက်ခြင်းခံခဲ့ရကာ စစ်ကောင်စီ တပ်ဖွဲ့များက ပြန်လည် ပစ်ခတ်မှုများ မပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အဆိုပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကား ၁၆စီးသည် ဆောမြို့ထဲသို့ ဝင်ရောက်လာကာ စစ်ကား ၄စီးမှာ ထိခိုက်ပျက်စီးခဲ့ပြီး ယင်း ဖေဖော်ဝါရီလ ၁၁ရက်နေ့မှ ၁၃ ရက်နေ့ ၃ရက်ကြာ တိုက်ပွဲအတွင်း စစ်သား ၂၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၅ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းကို PDF-SAW နှင့်အတူ မဟာမိတ်တပ်ဖွဲ့များ ဖြစ်သည့် YDF(saw & kyaukhtu)၊ CDF Kanpetlet တပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article