31 C
Yangon

ရန်ကုန်မြောက်ဒဂုံထားဝယ်ချောင် ရဲစခန်း ဗုံးဖြင့် တိုက်ခိုက်ခံရပြီး အပြန် အလှန် ပစ်ခတ်မှုဖြစ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ထားဝယ်ချောင်ရဲစခန်းကို ယနေ့ည ၇ နာရီအချိန် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး ရဲများက စခန်းအတွင်းမှ ပြန်လည် ပစ်ခတ်ခြင်း၊ကားဖြင့်လိုက်လံ ပစ်ခတ်ခြင်း များလုပ်ဆောင်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ဒီည ၇ နာရီလောက်မှာ ရဲစခန်းထဲကို ဗုံးပစ်တာ။ ရဲတွေကလည်း ပြန်ပစ်တယ်။ နောက်ပြီးတော့ ကား၂နှစ်စီးနဲ့ ရဲတွေက ဗုံးပစ်သွားသူကို လိုက်ရှာတယ်။ အခု မီးတွေလည်းဖြတ်ထားတယ်။ ပထမ ဗုံးပစ်သံ အုန်း အုန်း ကြားရပြီးတော့ စခန်းထဲက ပြန်ပစ်တာပဲ။ အခု အဲဒီနားမှာ ရဲတွေက သောင်းကျန်းနေတယ်။ ဆဲဆိုနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် မြောက်ဒဂုံ ၄၉ ရပ်ကွက်၊ ၅၀ ရပ်ကွက် အပါအဝင် ထားဝယ်ချောင်ရဲစခန်းအနီးတွင် မီးများ ပြတ်တောက်နေကြောင်း၊ အပြန်အလှန်ပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို မသိရှိရသေးကြောင်း ဒေသခံများက ပြောဆိုကြသည်။

ဓာတ်ပုံ- မြောက်ဒဂုံ ထားဝယ်ချောင်ရဲစခန်း ။(ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article