29 C
Yangon

မိုးဗြဲအနီးကျေးရွာများတွင်ဖြစ်ပွားသော စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၄၀ ထက်မနည်းသေဆုံးဟုဆို

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၉

ရှမ်း-ကရင်နီအစပ်၊ မိုးဗြဲမြို့တောင်ဘက်ရှိ ဝှါရီဆူးပလိုင်၊ လေဝိုး၊ ဝီသဲကူး (မြောက်) ရွာများတွင် အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား ယနေ့ ဖေဖေါ်ဝါရီလ ၁၉ ရက်၌ တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် ၄၀ ခန့် သေဆုံးဟု ဒီးမော့ဆို PDF က သတင်းထုတ်ပြန်သည်။

ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် KA၊ KNDF၊ ဒီးမော့ဆို PDF၊ မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ဖယ်ခုံ PDF၊ KGZ၊ JPDF၊ GZ-21 တပ်ဖွဲ့များက ပူးပေါင်းခုခံခဲ့ကြရာ စစ်ကား ၃ စီး မီးလောင်ပျက်စီးပြီး အရာရှိများအပါအဝင် ၄၀ ထက်မနည်း သေဆုံးခဲ့ကြောင်း၊ ဒီးမော့ဆို PDF မောင်ဒေါမနစ် ကျဆုံးခဲ့ကြောင်း သိရှိရသည်။

အထိနာသော စစ်ကောင်စီတပ်သည် မိုးဗြဲအခြေစိုက် ခမရ ၄၂၂၊ ခမရ ၅၄ တပ်ရင်းများက လက်နက်ကြီးများဖြင့် ပစ်ကူခဲ့သလို ညနေ ၄ နာရီနှင့် ညနေ ၅ နာရီများတွင် ဂျက်လေယာဉ် ၄ စီးဖြင့် ၉ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်ပွားသော အနီးဝန်းကျင်ရှိ ဝှါရီဆူးပလိုင်၊ ဝီသဲကူး (မြောက်) ရွာရှိ အများပြည်သူ နေအိမ် ၁၀ လုံးထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့က မီးတင်ရှို့ ဖျက်ဆီးခဲ့သည့်အပြင် စစ်ရှောင်စခန်းများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် စစ်ရှောင်ပြည်သူများ ထပ်မံ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒီးမော့ဆို PDF က သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article