26 C
Yangon

စစ်ကောင်စီယန္တရားမှ ဝန်ထမ်း ၆ ဦး တောင်ကိုရီးယား KDI School တွင် ပညာသင်ဆုဖြင့်လာရောက် ပညာသင်မည့်အပေါ် ရှုတ်ချ အသိအမှတ်ပြုဟု ကြေညာ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည် ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ဝန်ထမ်း ၆ ဦး ကိုရီးယားနိုင်ငံ Sejong မြို့ KDI School of Public Policy and Management (KDI School) တွင် 2022 Spring semester မှ စကာ Master of Development Policy (MDP)၊ Master of Public Management (MPM) နှင့် Master in Intellectual Property and Development Policy (MIPD) စသည်တို့အတွက် မဟာတန်းများ တက်ရောက်ရန် ကျောင်းဝင်ခွင့်နှင့် ပညာသင်ဆုများ ရရှိထားကြပြီး အဆိုပါ ဝန်ထမ်း ၆ ဦးကို လုံးဝ အသိအမှတ်မပြုကြောင်းနှင့် ပြင်းထန်စွာ ရှုံ့ချကြောင်း KDI ကျောင်းဆင်း မြန်မာကျောင်းသားများက ကြေညာချက် ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်း ၆ ဦးမှာ သီရိမြင့်စိုး (Assistant Director, First Secretary, Ministry of Foreign Affairs)MDP , အေးသန္တာရွှေ (Deputy Director , Ministry of Foreign Affairs) MDP , ခင်လပြည့်ထွန်း (Assistant Director , First Secretary , Ministry of Foreign Affairs) MPM, ကောင်းဖြိုးဝင့် ( Assistant Director , Ministry of Foreign Affairs) MPM, ဦးဦးညွန့်မောင် (Assistant Director , Ministry of Foreign Affairs) MPM, ဘုန်းမြတ်မင်း (Deputy Township Judge, Supreme Court of the Union) MIPD တို့ ဖြစ်ကြသည်။

အဆိုပါ စစ်ကောင်စီ လက်အောက်ခံ လူ ၆ ဦးမှာ တရားမျှတမှု ၊ ဒီမိုကရေစီနှင့် လူအခွင့်အရေးအတွက် စွန့်လွှတ်အနစ်နာခံတိုက်ပွဲဝင်နေသည့် CDM ဝန်ထမ်းများနှင့် အရပ်သားများ၏ အခွင့်အလမ်းများကို သိက္ခာမဲ့စွာ လုယူကြသူများ ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်ကို တိုက်ရိုက် (သို့) သွယ်ဝိုက်ပံ့ပိုးနေကြပြီး ပညာသင်ပြီးပါကလည်း အကြမ်းဖက်စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် ဥပဒေမဲ့ မတရားစေခိုင်းမှုများကို ဆက်လက် အကောင်အထည်ဖော်ကြမည့် သူများ ဖြစ်ကြောင်း KDI ကျောင်းဆင်း မြန်မာ ကျောင်းသားဟောင်းများ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီနှင့် စစ်အာဏဦရှင်စနစ်ကို ရွံ့ရှာမုန်းတီးသည့် ကမ္ဘာတစ်ဝန်းမှ မြန်မာ ကျောင်းသား/ ကျောင်းသားဟောင်းများ ၎င်းတို့ ၆ ဦးကို လုံးဝ အသိအမှတ်မပြုရန်နှ့င့် ကျောင်းကိုယ်စားပြုအဖြစ် ဆက်သွယ်ဆောင်ရွက်ခြင်းမပြုရန် တိုက်တွန်းကြောင်း၊ မြန်မာကျောင်းသားများအသင်း (ကိုရီးယား)နှင့် ကိုရီးယားရှိ မြန်မာ့အဖွဲ့အစည်းများမှ ပေးသည့် အထောက်အပံ့အကူအညီများကို အဆိုပါ ၆ ဦးမှ လာရောက်တောင်းခံခြင်းကို ငြင်းဆိုပယ်ချရန် လေးလေးနက်နက် ပန်ကြားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article