30.5 C
Yangon

ရန်ကုန်တွင် မှော်ဘီတပ်ရိပ်သာ၊ ထားဝယ်ချောင်ရဲစခန်း၊ မြ၀တီဘဏ်နှင့်စစ်ကားတို့ကို တိုက်ခိုက်မှု စစ်သား သေဆုံးမှုများနိုင်ပြီး ၁၇ ဦးခန့်သေနိုင်ဟုခန့် မှန်း

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ရန်ကုန်တွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များက မှော်ဘီစစ်တပ်ရိပ်သာ၊ ထားဝယ်ချောင်ရဲစခန်း၊ စံပြစျေးအနီး မြ၀တီဘဏ်နှင့်စစ်ကားတို့ကို တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးထက်မနည်းသေဆုံးနိုင်ဟုခန့်မှန်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ၉ နာရီ ၁၀ မိနစ်အချိန် မှော်ဘီမြို့နယ် ၊ တပ်ကြီးကုန်းအပိုင်၊ ဆပ်ပလိုင်းအနီး GE တပ်ရင်း အရာရှိရိပ်သာအတွင်း အရာရှိများစုဝေးထိုင်ပြီးအရက်သောက်နေကြချိန် အချိန်တွင် လက်ပစ်ဗုံးဖြင့်ပစ်သွင်း၍တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အရာရှိ ၃ ဦးထက်မနည်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ကျဆုံးမှုရှိ၊ မရှိ အတည်မပြုနိုင်သေးကြောင်း ထုတ်ပြန်သည်။

အလားတူ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်အချိန် သင်္ဃန်းကျွန်း မြို့နယ်၊ စံပြစျေးအနီး၊ လေးထောင့်ကန်လမ်းမကြီးနှင့်သံသုမာလမ်းထောင့် မြဝတီဘဏ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အဝေးထိန်းဗုံး၊ လက်ပစ်ဗုံးတို့ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ကျဆုံးပြီး ၂ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ယမန်နေ့ညပိုင်းတိုက်ခိုက်မှု ၂ ခုကို အဆပလ – ACPLF – အဖွဲ့၊ မှော်ဘီတော် လှန်ရေးအင်အားစု Hmawbi Revolutionary Force၊ Yangon People’s Defense Force (Bahan) တို့ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ၇ နာရီအချိန် Spring Brothers force နှင့် People’ force တို့က မြောက်ဒဂုံ၊ ထားဝယ်ချောင် ရဲစခန်းကို ၄၀ မမ နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကူရောက်ရှိလာသော စစ် ကားတန်းကို ည ၇ နာရီ ၂၀ မိနစ်အချိန် တွင် ၄၀ မမ ၁လုံး၊အဝေးထိန်းဗုံး ၄လုံး ဖြင့်ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ကားတစ်စီး ပျက်စီး ပြီး စစ်သား ၁၀ ဦးခန့် သေဆုံးနိုင်ဟု ခန့်မှန်းထုတ်ပြန်သည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင် ရန်ကုန်တိုင်း၊ သာကေတမြို့နယ် မြင်တော်သာလမ်းမပေါ်တွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်ဖွဲ့၏ ယာဉ်တစ်စီးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်ပြီး သေနတ်များဖြင့် ပစ်ခတ်သဖြင့် ရဲ ၂ ဦး ဒဏ်ရာအပြင်းအထန် ရရှိပြီး သေဆုံးဖွယ်ရှိကြောင်း ဒေသခံများက ပြောဆိုထားသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

Photo – AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article