30 C
Yangon

မြောက်ဒဂုံရဲစခန်းနှင့် ၇/၈ လမ်းဆုံအနီးတွင် ဗုံး ၄ ကြိမ်ပေါက်၊ သန်လျင်ရှိ မဘသ ခေါင်းဆောင် YMBAအဖွဲ့ဝင်နေအိမ် ဗုံးပစ်ခံရ၊ သမိုင်းဗုံးခွဲမှု ဗမာ့လူငယ်နှင့်MDF လက်ချက်ဟု ကြေညာ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၇/၈ လမ်းဆုံအနီးရှိ ရဲစခန်းတွင် ဗုံးပေါက်ကွဲမှုများ ၄ ကြိမ် ယခုည ၉ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ရဲစခန်းနားနဲ့ ၇/၈ လမ်းဆုံနားမှာ ဗုံးတွေ ဆက်တိုက်ပေါက်တာ။ သေနတ်သံ၂ချက်လည်းကြားရတယ်။ စစ်ခွေးတွေကတော့ သောင်းကျန်းတယ်။ ကားသမားတွေကို ဆွဲချရိုက်နှက်ဆဲဆိုတယ်။ ဒီည ၈ နာရီလောက်ကနေပြီ ၉ နာရီကျော်အထိ ပေါက်ကွဲမှုတွေဖြစ်တာ။ ပထမတစ်လုံးအုန်းပြီး စစ်ခွေးတွေရောက်လာချိန်မှာ
ဒုတိယတစ်လုံးအုန်းတယ်။ ထိခိုက်ဒဏ်ရာရတယ်ထင်တယ်။ ကားတွေစစ်နေတဲ့အချိန် ထပ်ထပ်ပြီး အုန်းတယ်” ဟု မြောက်ဒဂုံဒေသခံတစ်ဦးက ပြောသည်။

အလားတူ ယနေ့ ည ၈ နာရီ ၅ မိနစ်အချိန် ရန်ကုန်တိုင်း၊ သန်လျင်မြို့ အမူထမ်းရပ်ကွက်၊ခွာညိုလမ်းနေ YMBAအဖွဲ့ဝင်၊ ရန်ကုန်တိုင်း မဘသခေါင်းဆောင် သိန်းဟန်၏နေအိမ်ကို Urban Guerrilla Force – U.G.F Thanlyin အဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ အရှေ့ဒဂုံ၊ တောင်ဒဂုံ ၊ တို့တွင် ယခုည ဗုံးကွဲမှုများဖြစ်ပွားကြောင်း သိရှိရသည်။

ယနေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန် သမိုင်း City Mart ရှေ့ရှိ ယာဉ်ထိန်းရဲကင်းတွင် ဗုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ကြောင်း၊ ယင်းဖောက်ခွဲမှုကို ဗမာ့လူငယ်ကွန်ရက် မြို့ပြပျောက်ကျားစစ်တပ်ဖွဲ့နှင့် Myanmar Defense Force (MDF) က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။

ထို့ပြင် မန္တလေး ချမ်းမြသာစည်မြို့နယ် လျှပ်စစ်ရုံးတွင်လည်း ယခုညပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ဗထူးကွင်းနားတွင်လည်း ပစ်ခတ်မှုများဖြစ်ပွားကြောင်း မန္တလေးဒေသခံများက ပြောဆိုသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေ ၃ နာရီ ၂၀ မိနစ်အချိန် ရတနာပုံတက္ကသိုလ်ကျောင်းဝင်းအတွင်းမှ စစ်ကောင်စီတပ်များကို Guerilla Force of Mandalay နှင့် Eagle Brothers People’s Defense Force MDY က ပူးပေါင်းတိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article