26 C
Yangon

ရောမမြို့တွင် ပြည်ပရောက်မြန်မာများနှင့် အီတလီနိုင်ငံသားများက မင်းအောင်လှိုင် ဦးဆောင်သော စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး ဆန္ဒပြပွဲကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ အီတလီနိုင်ငံ ရောမမြို့မှာ “အီတလီရောက်မြန်မာများ” နှင့် Italia-Birmania Insieme အဖွဲ့အစည်း တို့ ပူးပေါင်းပြုလုပ်ခဲ့ကြသည်။

ဆန္ဒပြပွဲသို့ အီတလီရောက်မြန်မာများနှင့်အတူ Democratic Party (Italy), Italy-Burma Friendship Association, Amnesty International Italy, Atlante delle Guerre, Helpage Italy, Oxfam Italy, Tavola della Pace အစရှိသည့် နိုင်ငံရေးပါတီ၊ လူမှုရေးအဖွဲ့အစည်းများနှင့် အလုပ်သမားသမဂ္ဂများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

တက်ရောက်လာသူများက မြန်မာပြည်သူများနှင့် အတူရပ်တည်ကြောင်းနှင့် မြန်မာ့အရေးသည် ကမ္ဘာ့ဒီမိုကရေစီအနာဂတ်နှင့် တိုက်ရိုက်သက်ဆိုင်နေကြောင်းများ ပြောကြားကာ နိုင်ငံတကာနှင့် အီတလီအစိုးရမှ မြန်မာ့ဒီမိုကရေစီအောင်မြင်ရေးကို ပိုမိုပြတ်သားစွာ အားပေးလုပ်ဆောင်သွားရန် တိုက်တွန်းသွားခဲ့ကြသည်။

ကက်သလစ်ဘုန်းတော်ကြီး Don Peter Lian မှ မြန်မာနိုင်ငံနှင့်ပြည်သူများ ငြိမ်းချမ်းပါစေကြောင်း အထူးဆုတောင်းမေတ္တာပို့သကာ အီတလီရောက်မြန်မာများမှ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုဥ်းသည်အထိ ပါဝင်တော်လှန်သွားကြမည်ဖြစ်ကြောင်း ကြွေးကြော်သံများ ကြွေးကြော်ပြီး ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article