25 C
Yangon

မင်းအောင်လှိုင်ဘက်တော်သား ၂၂ ဦးနှင့် MOGE မြန်မာ့ရေနံနှင့်သဘာ၀ ဓာတ် ငွေ့လုပ်ငန်း၊ IGE ကုမ္ပဏီ၊ အမှတ် ၁ သတ္တု တွင်းလုပ်ငန်း၊ ထူးလုပ်ငန်း အပါအဝင် လုပ်ငန်း ၄ ခုကို ဥရောပသမဂ္ဂက စီးပွားရေး ပိတ်ဆို့

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

အကြမ်းဖက်စစ်ကောင်စီ၏ ဝင်ငွေရလမ်း MOGE မြန်မာ့ရေနံသဘာ၀ ဓာတ် ငွေ့ လု ပ်ငန်း၊ IGE ကုမ္ပဏီ၊ အမှတ် ၁ သတ္တုတွင်းလုပ်ငန်း၊ ထူးလုပ်ငန်း အပါ အဝင် ကုမ္ပဏီ ၄ ခုနှင့် မင်းအောင်လှိုင်ဘက်တော်သား ၂၂ ဦးကို ဥရောပသမဂ္ဂက စီးပွားရေး ပိတ်ဆို့လိုက်ကြောင်း သိရှိရသည်။

စစ်ကောင်စီဝင်ငွေရလမ်းဖြစ်သော MOGE ကို ဥရောပသမဂ္ဂက ပိတ်ဆို့လိုက်ခြင်းဖြစ်ပြီး အမှတ် ၁ သတ္တုတွင်းလုပ်ငန်းသည်လည်း ပိတ်ဆို့မှုစာရင်းပါဝင်ကာ အောင်သောင်း၏ သားများဖြစ်သော မိုးအောင်၊ နေအောင်နှင့်ပြည်အောင်တို့ ပိုင်ဆိုင်သော IGE ကုမ္ပဏီ၊ တေဇပိုင် ထူးကုမ္ပဏီတို့လည်း ပိတ်ဆို့ဒဏ်ခတ် အရေးယူခံလိုက်ရခြင်းဖြစ်သည်။

EU က ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်သော အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင်ဘက်တော်သား ၂၂ ဦးတွင် ဝန်ကြီးခန့်အပ်ခံထားရသော အောင်နိုင်ဦး၊ ချာလီသန်း၊ သက်သက်ခိုင်၊ မောင်မောင်အုန်း၊ အကြမ်းဖက် စစ်ကောင် စီဝင် ရွှေကြည်၊ UEC အဖွဲ့ဝင်များဖြစ်သည့် အောင်မိုးမြင့်၊ သန်းထွန်း၊ အောင်လွင်ဦး ၊ အောင်စောဝင်း၊ သန်းဝင်း၊ စောဘလှိုင် ၊ စိုးစိုးဦး ၊ သန်းဦး ၊ ဘရန်ရှောင်၊ မြင့်ဦး ၊ ခင်မောင်ဦး ၊ နုမြဇန်၊ မြင့်သိန်း၊ ဘမောင်တို့လည်းပါဝင်ကြောင်း၊ စစ်တပ်ဘက်မှ စစ်အရာရှိ အမှတ် ၁ ကစထမှူး တေဇကျော်၊ တိုင်း မှူး နေလင်းအောင်၊ အမှတ် ၂ ကစထမှူး အောင်ဇော်အေးတို့လည်း ပါဝင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မင်းအောင်လှိုင် ဖြုတ်ချ ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခု။

Photo – Burma Campaign UK

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article