33 C
Yangon

ယင်းမာပင် ချင်းပုန်းရွာတွင် စစ်တပ်က မူကြိုအရွယ်ကျောင်းသား ကလေး ၈ဝ ကျော်ကို ဖမ်းဆီးပြီး PDF များ လာမတိုက်နိုင်ရန် လူသားဒိုင်း လုပ်ထား (ရုပ်/သံ)

Must read

By ရန်ကုန်ခေတ်သစ်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ချင်းပုန်းရွာနှင့် ညောင်ကိုင်းရွာကို စစ်တပ်က ယမန်နေ့ စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်စီးနင်းခဲ့ပြီး PDF လာရောက် မတိုက် ခိုက် နိုင်ရန် မူကြိုအရွယ် ကလေး ၈၀ကျော်ကို ဖမ်းဆီးပြီး လူသားဒိုင်း လုပ် ထားကြောင်း ဒေသခံများက ပြောဆိုသည်။ ရန်ကုန်ခေတ်သစ် သတင်း ဌာနက ဒေသခံပြည်သူတစ်ဦးကို ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ ယင်းမာပင်မှာ မနေ့က ရဟတ်ယာဉ်နဲ့ လာရောက် ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ် အခြေအနေ ဘယ်လိုရှိလဲ။

ဖြေ။ ။ MI 35 ၂စီး ပထမ ဦးဆုံးရောက်လာပြီးတော့ အဓိကက ညီမတို့ ရွာက ညောင်ကိုင်းလို့ ခေါ်တယ်။ အခုဟာက ချင်းပုန်းရွာနဲ့ ၂ မိနစ်လောက်ပဲ ဆိုင် ကယ် စီးရတယ်။ တစ်ရွာ တစ်ရွာလှမ်းမြင်နေရတယ်။ ချင်းပုန်းမှာ သင်တန်း ဆင်းပွဲရှိတော့ သူတို့ သတင်း အတိအကျရထားပုံရပါတယ်။

သူတို့အဲဒီမှာ လေယာဉ် ၂စီးနဲ့ တက်လာပြီးတော့ ညီမတို့ ရွာရဲ့ တောင်ဖက် တည့်တည့် ကနေပြီးတော့ ပြန်ကွေ့လာတယ်။ ပြန်ကွေ့လာပြီးတော့ ညီမ တို့ရွာ မြောက်ဘက်ပိုင်းမှာ အသုဘရှိတော့ အသုဘက လူတစ်စုကို သူတို့က PDF သင်တန်းဆင်းထင်ပြီးတော့ ပစ်လိုက်တယ်။

ပစ်လိုက်တဲ့တော့ အဲ့ထဲက လူတစ်ယောက်ကို ထိသွားတယ်။ ခြေထောက် ထိသွားတယ်။ ထိသွားတဲ့အချိန်မှာ အဲဖက်က လူထုခွဲနေတော့ ချင်းပုန်း ဘက်ကလည်း လူစု ခွဲလိုက်နိုင်တယ်။

သို့သော်လည်းပဲ ချင်းပုန်းမှာက လတ်တလောက မူကြိုကျောင်းရှိတော့ မူကြိုက ကလေး အယောက် ၈ဝကျော် ဆရာ၊ ဆရာမကောဆို ၉ဝလောက်က ပိတ်မိနေတယ်။

ရွာထဲမှာ ချင်းပုန်းကတော့ တောက်လျှောက် ပိတ်မိနေတယ်။ ဗီဒီယိုတွေ ဓာတ်ပုံတွေ အကုန်ရိုက်ထားလိုက်နိုင်တယ်။ ဒါပေမယ့် အင်တာနက်ကော ဖုန်းလိုင်းကော ဖြတ်တောက် ခံထားရတော့ ဗီဒီယိုဖိုင်တွေ ပို့မပေးနိုင်ဘူး ဖြစ်နေတယ်။ MI 35 ၂စီးနဲ့လာတယ်။

နောက်က ရိုးရိုးရဟတ်ယာဉ် ၃စီးနဲ့ လာပြီး လူချတယ်။ ချပြီးတော့ ချင်းပုန်း ရွာကို မီးရှို့တယ်။ စပြီးတော့ ရွာအဝင်မှာ မီးရှို့တော့ ပထမ ၂လုံးလောင်တယ်။ လောင်ပြီးတော့ နောက်တစ်ခါ သူတို့ ရဟတ်ယာဉ်နဲ့ မိနစ် ၃ဝလောက် ကြာတယ်။ တောက်လျှောက်ပတ်ကြည့်တယ်။ ကြည့်ပြီးတော့ သူ့လူတွေ ချတယ်။

ချပြီးတော့ နောက်ထပ်လည်း ညီမတို့ ချင်းပုန်းရွာထဲမှာ တောက်လျှောက် ပစ်ပြီးတော့ ရွာကို ထပ်ပြီး မီးရှို့တယ်။ ဘယ်နှအိမ် လောင်တယ်ဆိုတာ ညီမတို့ အသေးစိတ် မသိရသေးဘူး။ ညီမတို့လည်း လတ်တလောက ချင်းပုန်းနဲ့ ဝေးတဲ့ နေရာတွေကို ပြေးနေရပြီး စောင့်ကြည့်တဲ့ အနေအထားနဲ့ရှိနေတယ်။

မေး။ ။ ထိခိုက် ဒဏ်ရာရတဲ့သူက ဘယ်နှစ်ဦးလောက်ရှိလဲ။

ဖြေ။ ။ ထိခိုက် ဒဏ်ရာရတာတော့ ညောင်ကိုင်းက ၂ယောက်ကတော့ ခြေ ထောက်ကို ထိသွားတာ ခုနက အသုဘ လိုက်ပို့တဲ့ ထဲမှာက တစ်ယောက် ထိတယ်။

နောက် ရွာပြင်မှာ ပဲသိမ်းနေတဲ့ တစ်ယောက်ကလည်း သူတို့ ပစ်လိုက်တဲ့ လေယာဉ်ပေါ်က ကျည်ဆံမှန်ပြီး ခြေထောက်ထိတယ်။ မစိုးရိမ်ရဘူး။ အဲဟာတော့ ဒါပေမယ့် ချင်းပုန်းက ညီမတို့ အခုချိန်ထိ အတိအကျ မသိနိုင်ဘူး။

ဘာဖြစ်လို့လဲဆိုတော့ ပြေးတဲ့သူလည်း ပြေးနေပြီ အထဲမှ ဘယ်နှစ်ယောက် ကျန်နေတယ်ဆိုတာလည်း မသိရဘူး။ နောက် အနီးအနားရွာက သင်တန်းဆင်း PDF ကလေးတွေလည်း ၄ဦးလောက် ပျောက်နေတယ်လို့ ညီမတို့ကို အခုဆက်သွယ်လာလို့ ပျောက်နေတဲ့ သူတွေတော့ သိရတယ်။

ဒါပေမယ့် အဲကလေးတွေနဲ့လည်း အဆက်အသွယ် မရသေးဘူး။ အထဲထဲမှာ ဘယ်လောက်ကျန်ခဲ့လည်း မသိဘူး။ ရွာထဲမှာ သူတို့က အင်အားက ညီမ တို့ထင်တာ ပြောတာပေါ့။ ခန့်မှန်းခြေ ၁စီးကို ၂၅ဦးလောက် ပါခဲ့မယ် ဆိုရင် တောင်မှ အနည်းဆုံး ၇ဝနဲ့ ၁ဝဝကြားမှာရှိမယ် သူတို့လာချသွားတာ အထိအခိုက်တော့ လတ် တလောတော့ မသိရသေးဘူး။

ဒါပေမယ့် အနီးအနားက ရွာတွေအားလုံးကတော့ အခုထွက်ပြေးနေတာပေါ့။ ညီမတို့ ခန့်မှန်းကြည့်တာ ညီမတို့ရွာမှာတောင်မှ လူက ၁၅ဝဝ ဝန်း ကျင် လောက်ရှိတော့ တခြားရွာတွေကပါ ပြေးနေရတယ်ဆိုတော့ ၃ထောင်ကျော်နဲ့ အထက် ပြည်သူ ၄ထောင်ကျော် ၅ထောင်လောက်က စစ်ဘေးရှောင်နေရတယ်။

မေး။ ။ အခုရွာထဲမှာ စစ်ကြောင်းက ရှိတယ်ဆိုတော့ ရွာထဲက ပြည်သူတွေကို ဖမ်းဆီးထားတာလား။ ပိတ်မိနေတာလား။

ဖြေ။ ။ အခုဆိုရင်ရွာထဲက လူတွေနဲ့က အဆက်အသွယ်က မရဘူး။ တချို့တွေကလည်း သူတို့အိမ်လေးတွေမှာ ပုန်းနေကျတယ်ပေါ့။ အခုညီမတို့ ကြားတဲ့ သတင်းအရတော့ မူကြိုကျောင်းက ကလေးတွေက ဘုန်းကြီးကျောင်းမှာ ဖွင့်ထားတဲ့ မူကြိုကျောင်းဆိုတော့ အဲအယောက် ၈ဝလောက်က မနက်က သူတို့လာတယ်ဆိုလို့ ဘုန်းကြီးကျောင်းမြေတိုက်ထဲကို ကလေးကို သိမ်းပြီး မြေတိုက်ထဲထည့်လိုက်တယ်။

ထည့်ပြီးတော့ ဒီကလေးလေးတွေနဲ့ ရွာခံဆရာမလေးတွေက မပြေးနိုင်တော့ အဲထဲမှာ ပိတ်မိနေတယ်တဲ့ ပိတ်မိနေတဲ့ ကလေးတွေကို သူတို့ စစ်တပ် ကနေပြီးတော့ ပြန်တော့ ထုတ်ထားတော့ အပြင်မှာတော့ ရောက်နေတယ်။ ကလေးတွေကတော့ မိုးလင်းထဲက အခုချိန်ထိ ထမင်းလည်း မစားရသေးဘူး။

မေး။ ။ အဲတာဆို ကလေးတွေအတွက် အသက် အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေလား။

ဖြေ။ ။ ခုနကတော့ ဒရုန်းနဲ့ လှမ်းကြည့်နေကျတယ်။ ကြည့်ပေးမယ့်လည်း မမြင်ရဘူးပေါ့။ မမြင်ရဘူးဆိုတော့ ကလေးတွေရဲ့ အသက် အန္တရာယ် ဘာညာလည်း ဘာမှ မပြောနိုင်တဲ့ အနေအထား ဘာဖြစ်လို့လည်းဆိုတော့ ရွာထဲမှာ ကျန်ခဲ့တဲ့ သူတွေနဲ့လည်း ဖုန်း အချိတ်အဆက်က မမိဘူး။

ဘာထူးခြားလဲဆိုတော့ ညီမတို့ ရွာတွေ ဒီဖက်ပိုင်းမှာ ပြီးခဲ့တဲ့ ၄ရက်နေ့ ကတည်းက အခုချိန်ထိ ဖုန်းလိုင်း ပြတ်တောက်မှုကြောင့် ရွာထဲ အချင်းချင်းဆို ခေါ်လို့မရဘူး။ ညီမတို့တောင် အခုဟာက ရွာနဲ့ လှမ်းလို့ တခြားရွာခံတွေရဲ့ ချိတ်ဆက်မှုနဲ့ ခေါ်လို့ရတာ အဲလိုဖြစ်နေတော့ ညီမတို့က သူတို့ရွာထဲမှာ ညီမတို့ သိတဲ့ လူတွေကိုလည်း လှမ်းဆက်သွယ်လို့ မရဘူးဖြစ်နေတယ်။

အဲလိုဖြစ်နေတဲ့ အတွက် ရွာထဲမှာ ရှိနေတဲ့ သူတွေ အန္တရာယ် ဘာညာကိုလည်း ညီမတို့ မသိရသေးဘူး။

မေး။ ။အခု စစ်တပ်က အဓိက ဝင်ရောက် ဖျက်ဆီးနေတာက ချင်းပုန်းရွာပဲလား။

ဖြေ။ ။ ဟုတ်တယ်။ ချင်းပုန်းက အဓိကဖြစ်တာ ညီမတို့ ညောင်ကိုင်းက ပစ် မှတ်တော့ မဟုတ်ဘူး။ သို့သော်လည်းပဲ နံနက်က ရွာလူစုနေတဲ့ နေရာကို ပစ်သွားတာ ဖြစ်တဲ့အတွက် ညောင်ကိုင်းကလည်း ၂ယောက်တော့ ထိသွားတယ်ပေါ့။

ခြေထောက်ကို မစိုးရိမ်ရပါဘူး အဲတာက ဒါပေမယ့် ချင်းပုန်းရွာထဲမှာတော့ အကျအဆုံးလည်း မသိရသလို ဘယ်လောက်ထိလို့ ဘယ်လောက်ကျလဲဆိုတာ မသိရဘူး။ လတ်တလောတော့ တခြားရွာက PDF သတင်းဆင်းလာတဲ့ ၄ယောက်က အဆက်အသွယ်ပြတ်နေတာပေါ့။

မေး။ ။ ဘာများဖြည့်စွက် ပြောချင်တာရှိမလဲ။

ဖြေ။ ။ မနေ့နံနက်ပိုင်း ပထမဦးဆုံးကြုံဖူးတာဆိုတော့ အရမ်းလန့် သွား တာပေါ့။ ညီမတို့ အနေနဲ့ကတော့ မှန်တာပြောရင် တချို့ကလည်း မီဒီယာကို မရောက်စေချင်ဘူးဆိုပြီး တားတဲ့သူလည်းရှိတယ်။ ညီမတို့ကတော့ မီဒီယာပေါ်ကို ရောက်မှ ဖြစ်မယ်။

ဘာလို့ဆိုတော့ နံနက်က ခံလိုက်ရတဲ့ ချင်းပုန်းရွာက မီးရှို့ခံရတဲ့ အိမ်တွေရဲ့ ပြန်လည် ထူထောင်ရေးကိုလည်း ညီမတို့ မြန်မာနိုင်ငံ တစ်ဝှမ်းကဖြစ်စေ ဒါမှမဟုတ် နိုင်ငံခြားကပဲ ဖြစ်စေပေါ့နော်။ ကူညီနိုင်သူရှိမယ်ဆိုရင်တော့ နောက်ပိုင်းမှာ ညီမတို့ ပြန်လည် ထူထောင်ရေးအတွက် အဆင်ပြေမှာ လတ်တလောကတော့ ညီမတို့ရွာတွေလည်း ဘယ်လိုဖြစ်မယ်ဆိုတာ မသိသေးဘူး။ အကုန်လုံးကတော့ တောတွေထဲ ထွက်ပြေး ရှောင်တိမ်း နေရတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article