28 C
Yangon

ကော့ကရိတ်တောင်ပိုင်း၊ မိဂသိမ်ဘုရားကုန်းတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပြီး စစ်သား ၁၅ ဦး သေဆုံးဟုဆို

Must read

ရန်ကုန်၊ မတ် ၃၁

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ၊ ကော့ကရိတ်မြို့နယ် တောင်ဘက်၊ မြို့ဟောင်းကျေးရွာအနီး မိဂသိမ်ဘုရားကုန်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ကြား ယနေ့ မတ်လ ၃၁ ရက် နံနက်အစောပိုင်း၌ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၅ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

မိဂသိမ်ဘုရားကုန်း၌ စစ်ကောင်စီတပ်နှင့် KNLA တပ်ရင်း (၁၈)၊ ကျားဖြူတပ်ခွဲ (၁) ပူးပေါင်းအဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကြား ယနေ့ နံနက် ၅ နာရီ ၂၀ မိနစ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ကျားဖြူတပ်ခွဲ (၁) က သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအသေအဆုံးစာရင်းကို KNLA ပူးပေါင်းတပ်ဖွဲ့က တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ဓါတ်ပုံ – KNLA ပူပေါင်းတပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article