28 C
Yangon

ဇလွန်မြို့ တွင် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ တိုးမောင် ပစ်သတ်ခံရ

Must read

ရန်ကုန်၊ မတ် ၃၁

ဧရာဝတီတိုင်း၊ ဇလွန်မြို့၊ ရေလဲတိုက်နယ်၊ ရေလဲရေကာတာပေါ်တွင် မတ်လ ၃၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် အကြမ်းဖက်စစ်ကောင်စီကို အဓိက ကူညီ ထောက်ပံ့ပေးနေသည့် တိုးမောင်ကို သေနတ်သုံးချက်ဖြင့် ပစ်သတ် သုတ်သင်ရှင်းလင်းလိုက်ပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဇလွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

သေဆုံးသွားသူ တိုးမောင်မှာ စစ်ကောင်စီကို သတင်းပေးရုံမက ၎င်း၏ နေအိမ်တွင် အကြမ်းဖက်စစ်ကောင် စီဝင်များကိုပါ လက်ခံထားပြီး မူးရူးသောက်စားနေကာ ရွာသူရွာသားများကိုလည်း ဒုက္ခမျိုးစုံပေးနေသည့် အတွက် သုတ်သင်ရှင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်ကောင်စီထောက်တိုင် သတင်းပေး၊ ဒလန်၊ ပျူစောထီးများ မိမိတို့ လုပ်ရပ်ကို ရပ်တန်းက ရပ်ရန်နှင့် စစ်ကောင်စီနှင့် ပတ်သက်သည့် လူ၊ နေရာ၊ အဆောက် အအုံများကို သွားရောက်ပတ်သက်ခြင်း မပြုကြရန် ဇလွန်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့မှ သတိပေးပြောကြားထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article