ရန်ကုန်၊ မတ် ၃
မုံရွာမြို့ အာဇာနည်လမ်းတွင် ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြနေခဲ့သော မုံရွာလူထု ပင်မသပိတ်စစ်ကြောင်းကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်ဖြိုခွင်းခဲ့ပြီး ကျဆုံးခဲ့သည့် ပြည်သူ ၉ဦးအတွက် ယနေ့ မတ်လ ၃ရက်နေ့တွင် ၁နှစ်ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ်ကို မုံရွာ ရပ်ကွက် သပိတ်စစ်ကြောင်း၊ မုံရွာ လူငယ်များ အစည်းအရုံးနှင့် မုံရွာ အခြေခံပညာ ကျောင်းသားများ သမဂ္ဂ သပိတ် စစ်ကြောင်းတို့ဦးဆောင် ပြုလုပ်ခဲ့ကြောင်း သိရသည်။