25 C
Yangon

စစ်ကောင်စီက ကြောက်လန့်နေရသည့် လူမှုကွန်ရက်စာမျက်နှာ စာရင်း ပြည်ထဲရေးဝန်ကြီး စိုးထွဋ် ထုတ်ပြောပြီး အချိန်ပြည့် စောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်းစောင့်ကြည့်၊ နည်းပညာအရ အကောင့်များကို ပိတ်ပင်ကြရန်လည်း ညွှန်ကြား

Must read

ရန်ကုန်၊ မတ် ၁၄

စစ်ကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က NUG လူမှုကွန်ရက်စာ မျက်နှာ အပါအဝင် စစ်ကောင်စီအဖွဲ့ဝင်များ ကြောက်လန့်နေရသည့် လူမှုကွန်ရက်စာမျက်နှာစာရင်းကို ထုတ်ဖော်ပြောဆိုပြီး စစ်တပ်က အချိန်ပြည့် စောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်းစောင့်ကြည့်နေကြောင်း ပြောဆိုသွားသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ ပြည်ထဲရေးဝန်ကြီး စိုးထွဋ် ဦးစီးကျင်းပခဲ့သည့် ဖေဖော် ဝါရီလ ၁ ရက်နေ့ အသံတိတ်သပိတ်တားဆီးရေးအထူးအစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုသွားခြင်းဖြစ်သည်။

စိုးထွဋ် ထုတ်ဖော်ပြောဆိုခဲ့သည့် လူမှုကွန်ရက်စာမျက်နှာများတွင် GSCB ဖေ့ဘုတ်စ်၊ DVB ၊ Mizzima TV ၊ ခေတ်သစ်မီဒီယာ ၊ ဧရာ၀တီတိုင်းမ်၊ မဲခေါင်သတင်းဌာနများ ပါဝင်ပြီး NUG လူမှုကွန်ရက်စာ မျက်နှာ၊ (ဒုဝန်ကြီး) နိုင်ထူးအောင်၊ ဒေါက်တာ တေဇာစန်း လူမှုကွန်ရက်စာမျက်နှာ ၊ မိုးသွေး ၊ မရွှေမိုး(ကိုရီးယား)၊ မျိုးရန်နောင်သိန်း လူမှုကွန်ရက်စာမျက်နှာများ ပါဝင်ကြောင်း သိရှိရသည်။

စစ်ကောင်စီကို ဆန့်ကျင်သော လူမှုကွန်ရက်အကောင့်များကို နည်းပညာများဖြင့် ပိတ်ပင်ရန်လည်း စိုးထွဋ်က အမိန့်ပေးခဲ့သေးသည်။

(ဇန်နဝါရီလ ၂၅ ရက်နေ့ စိုးထွဋ်၏ ပြောကြားသော စကားအပြည့်အစုံကို အသံဖိုင်ဖြင့် မကြာမီ ဖော်ပြတင်ဆက်ပါမည်)

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ ဆက်သွယ်ရေးတပ်ဖွဲ့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article