25 C
Yangon

အရာတော် ညောင်ပင်ကန် ရွာသား ကိုသိန်းထွန်းကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီးနောက် အလောင်းပြန်မပေး

Must read

ရန်ကုန်၊ မတ် ၁၆

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ညောင်ပင်ကန် ရွာသား ကိုသိန်းထွန်းကို မကျီးကန်ကျေးရွာတွင် တပ်စွဲထားခဲ့သော စခတ(၁၀)တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖမ်းဆီးပြီးနောက် စစ်တပ်၌ပင် သတ်ဖြတ်ခဲ့ကြောင်း အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ကိုသိန်းထွန်းကို မတ်လ ဒုတိယ ပတ်အတွင်း၌ ၎င်းနေထိုင်ရာ ညောင်ပင်ကန် ရွာတွင် ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ စစ်တပ်က ဖမ်းဆီးမည့် စာရင်းတွင် ကိုသိန်းထွန်းနှင့် ညီဖြစ်သူပါ ပါဝင်ပြီး ညီဖြစ်သူမှာ ကြိုတင်ရှောင်ရှားခဲ့ခြင်းကြောင့် လွတ်မြောက်ခဲ့ပြီး ကိုသိန်းထွန်းသည် ၎င်းက မည်သည့် ပြစ်မှုမှ ကျူးလွန်ထားခြင်း မရှိဟုဆိုကာ ထွက်မပြေးဘဲ နေအိမ်တွင်သာ ဆက်လက်နေထိုင်သောကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ကိုသိန်းထွန်း၏ ရုပ်အလောင်းကို စစ်တပ်က ရွာသို့ ပြန်သယ်ခွင့် မပေးဘဲ အရာတော်တွင်သာ ချက်ချင်း သဂြိုလ်ခိုင်းပြီး တစ်ကိုယ်လုံးတွင်လည်း ရိုက်နှက်ထားခံရသော အညိုအမဲများ စွဲနေပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ခွင့်မပြုခိုင်းကြောင်း အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article