25 C
Yangon

စစ်တပ်ထုတ်ကုန် မရောင်းဖို့နဲ့ အခြားကုန်ပစ္စည်းတွေကို အမြတ် ၁၀ရာခိုင်နှုန်းသာယူဖို့ သတိပေး

Must read

ရန်ကုန်| မတ် ၂၃

လူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ် ထုတ်ကုန်တွေကို သိုလှောင် ရောင်းချတာ မလုပ်ဖို့နဲ့ အခြားကုန်ပစ္စည်းတွေ ရောင်းချရာမှာလည်း လူထုအခက်အခဲဖြစ်နေချိန် အမြတ် ၁၀ရာခိုင်နှုန်းသာ ယူပြီး ရောင်းချဖို့ ကရင်နီပြည် အမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်း ၁၅ က သတိပေးစာတွေ ထုတ်ပြန်ပါတယ်။

ဒီဆုံးဖြတ်ချက်ကို ကရင်နီ တပ်မတော် KA အကြီးအကဲတွေ၊ KNDF တပ်ရင်း(၁၅) တပ်ဗိုလ်၊ တပ်မှူးတွေနဲ့ ကျေးရွာလူထုအကြီးအကဲတွေရဲ့ ဆုံးဖြတ်ချက်အရ တားမြစ်လိုက်တာဖြစ်ပြီး သတိပေးကာလအနေနဲ့ မတ် ၂၇ ရက်အထိ အချိန်ပေးထားပါတယ်။

KNDF တပ်ရင်း(၁၅) လှုပ်ရှားမှုနယ်မြေ ဖရူဆိုဇုန်အတွင်း ဆိုင်ရှင်တွေနဲ့ လူထုအားလုံး အကြမ်းဖက် စစ်ကောင်စီ ထုတ်လုပ်တဲ့ Mytel, Premium Gold, Red Ruby, အန်ဒမန်၊ မြန်မာဘီယာ၊ မန္တလေးတံဆိပ်ဘီယာတွေ၊ ဆင်မင်း၊ ဒဂုံ၊ ကြံ့တဆိပ်ဘိလပ်မြေ၊ Milky နို့ဆီ၊ ရွှေဖီဦး တီးမစ်စတဲ့ ထုတ်ကုန်တွေ မရောင်းဖို့ တားမြစ်တာဖြစ်ပါတယ်။

ဒါ့ပြင် တပ်ရင်း(၁၅)နဲ့ KA လှုပ်ရှားမှုနယ်မြေအတွင်း ကျေးရွာတွေနဲ့ စစ်ရှောင်ဒေသတွေမှာ အခြားစားသောက်ကုန်ပစွည်းတွေ ရောင်းဝယ်နေသူတွေအနေနဲ့ လူထုကို စာနာသောအားဖြင့် ကုန်ပစွည်းဈေးနူန်းရဲ့ ၁၀ ရာခိုင်နှုန်းသာ အမြတ်တင် ရောင်းချဖို့ တိုက်တွန်းထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article