25 C
Yangon

“Asean , Stand for Democracy, Not for Dictator” ခေါင်းစဥ်ဖြင့် နှင်းဆီရောင် အမျိုးသမီးထုလှုပ်ရှားမှု ချီတက်ဆန္ဒပြ (ရုပ်/သံ)

Must read

ရန်ကုန်၊ မတ် ၂၃

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း အမျိုးသမီးတွေဦးဆောင်ပြီးတော့ မတ်လ ၂၃ရက်၊ နံနက်ပိုင်းမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီလှုပ်ရှားမှုမှာ အာဆီယံအနေနဲ့ စစ်အာဏာရှင်တွေဘက်က မရပ်တည်ဘဲ မြန်မာပြည် ပြည်သူလူထုနဲ့အတူရပ်တည်ရေး “Asean, Stand for Democracy, Not for Dictator” ဆိုပြီးတော့ တောင်းဆိုခဲ့ကြပါတယ်။
ဒီလှုပ်ရှားမှုကို အမျိုးသမီးတွေဦးဆောင်ပြီးတော့ လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂနဲ့ လူငယ်တွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ထားဝယ်ခရိုင်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှုအား ၂၀၂၁ခုနှစ်၊ သြဂုတ်လ ၂၈ရက်နေ့မှာ အမျိုးသမီးတွေဦးဆောင်ပြီး စတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article