25 C
Yangon

မြန်မာစစ်တပ်အနေဖြင့် ပြည်သူကို အကြမ်းဖက်မှု ရပ်တန့်ရန်နှင့် ဒီမိုကရေစီ လမ်းကြောင်း ပြန်သွားရန် အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးက ကြေညာချက် ထုတ်ပြန်တောင်းဆို

Must read

ရန်ကုန်၊ မတ် ၂၇

မြန်မာစစ်တပ်အနေဖြင့် ပြည်သူကို အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် ဒီမိုကရေစီ လမ်းကြောင်းပြန်သွားရန် အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးက ယနေ့ကျရောက်သည့် ဖက်ဆစ်တော်လှန်ရေးနေ့တွင်ကြေညာချက် ထုတ်ပြန်တောင်းဆိုသည်။

ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်နှင့် အဲလ်ဘေးနီးယား၊ သြစတေးလျ၊ ဘော့စနီးယား နှင့် ဟာဇီဂိုးဗီးနား၊ ကနေဒါ၊ ဂျော်ဂျီယာ၊ အိုက်စ်လန်၊ လက်ချင်စတိန်း၊ မာရှယ်အိုင်လန်၊ မက်ခရိုနီးရှား၊ မွန်တီနီဂရိုး၊ နယူးဇီလန်၊ မက်ဆီဒိုးနီးယား (မြောက်)၊ နော်ဝေး၊ ပလောင်း၊ ကိုရီးယား၊ ဆားဘီးယား၊ ဆွစ်ဇာလန်၊ ယူကရိန်း၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန် နိုင်ငံ ခြားရေးဝန်ကြီးများက ထိုသို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ယနေ့ကျရောက်သည့် တပ်မတော်နေ့တွင် ယခင်နှစ် ယခုလိုနေ့တွင် အနည်းဆုံး လူ ၁၀၀ ခန့် သတ်ဖြတ်ခံခဲ့ရခြင်းအပါအဝင် ကုန်လွန်ခဲ့သည့် တစ်နှစ်တာကာလအတွင်း သတ်ဖြတ်ခံရသောသူများနှင့် အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူများကို အမှတ်ရမိကြောင်း ကြေညာချက်အစတွင် ဖော်ပြထားသည်။

အချို့သောနိုင်ငံများသည် မြန်မာစစ်အာဏာရှင်အဖွဲ့က ၄င်းတို့၏ အကြမ်းဖက်မှုများနှင့် ဖိနှိပ်ညှင်းပန်းမှုများကို ဆက်လက်ဆောင်ရွက်နိုင်စေမည့် သေစေနိုင်လောက်သည့် လက်နက်အထောက်အပံ့များကို ဆက်လက် ပေးအပ်လျက်ပင် ရှိကြောင်း၊ ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက် A/RES/75/287 နှင့်အညီ မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းကိရိယာများ၊ အရပ်ဘက်-စစ်ဘက်သုံး ပစ္စည်းကိရိယာများ ရောင်းချခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ နည်းပညာအကူအညီပေးအပ်ခြင်းများ ရပ်တန့်ခြင်းဖြင့် မြန်မာပြည်သူများကို အားပေးထောက်ခံကြရန် နိုင်ငံအားလုံးကို မိမိတို့ တိုက်တွန်းကြောင်း၊ အကြမ်းဖက်မှုများကို ရပ်တန့်ရန်နှင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ပို့ဆောင်ရန် စစ်တပ်ကို မိမိတို့ ထပ်မံတောင်းဆိုကြောင်း ၂၂ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများက တောင်းဆိုထားသည်။

ဓာတ်ပုံ- အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဥရောပသမဂ္ဂကိုယ်စားလှယ်တို့ ၏ပူးတွဲ သတင်းစာရှင်းလင်းပွဲတစ်ခု ။(ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article