ရန်ကုန်၊ မတ် ၂၇
ရန်ကုန် ရွှေပြည်သာမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက (၆) ရွှေပြည်သာ ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် ရွှေပြည်သာမြို့နယ် သပိတ်ကော်မတီတို့ ဦးဆောင်ကာ ယနေ့ မတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ် စစ်သားအရုပ်ကို ကြိုးပေးသောပုံစံပြု ဖက်ဆစ် စစ်တပ် ချေမှုန်းရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။