25 C
Yangon

ဟားခါးတွင် ယနေ့နံနက်ပိုင်း စစ်ရဟတ်ယာဉ် ပျက်ကျမှု မြင်ကွင်းများ

Must read

ရန်ကုန်၊ မတ် ၂၉

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ကျောဘု (Cawbuk) ရပ်ကွက်တွင် ယနေ့ မတ်လ ၂၉ ရက် နံနက် ၉ နာရီ ၄၀ မိနစ်အချိန် အကြမ်းဖက်စစ်ကောင်စီ၏ သယ်ယူပို့ဆောင်ရေး စစ်ရဟတ်ယာဉ် ၁ စီး အနိမ့်ပိုင်းတွင်ပင် စက်ချို့ယွင်း ပျက်ကျကြပြီး ထိခိုက်ဒဏ်ရာရရှိ မှုရှိကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်တချို့က အတည်ပြုသည်။

အဆိုပါ ရဟတ်ယာဉ်သည် အနိမ့်ပိုင်းတွင်ပင် အပင်တချို့နှင့် တိုက်မိပြီး ပျက်ကျသည်ဟု ဒေသသတင်းရင်းမြစ်တချို့က သတင်းဖော်ပြကြသော်လည်း ရန်ကုန်ခေတ်သစ်အနေဖြင့် ပျက်ကျသည့် အကြောင်းအရင်းကို မသိရှိရသေးပေ။

ရန်ကုန်ခေတ်သစ်သို့ ဒေသသတင်းရင်းမြစ်တစ်ဦးက ပေးပို့လာသော ဓါတ်ပုံတွင် CawBuk ရပ်ကွက် တောင်ကုန်းထိပ်တွင် မီးခိုးများထွက်နေသည်ကို မြင်တွေ့ရပြီး စစ်ကောင်စီရဟတ်ယာဉ်သည် ထင်းရှူးပင်ကို တိုက်မိပြီး ပျက်ကျသွားခဲ့သည်ဟု ဆိုသည်။

အခင်းဖြစ်ပွားရာ အနီးဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီစခန်း ၁ ခုရှိကြောင်း ရန်ကုန်ခေတ်သစ်၏ ဒေသသတင်းရင်းမြစ်က အတည်ပြုပြီး ဆင်း သက်စဉ် တိုက်မိပျက်ကျခြင်းဖြစ်နိုင်သည်ဟု မှတ်ချက်ပေးသည်။

လတ်တလော ရဟတ်ယာဉ်ပျက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦး ရှိနိုင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article