34 C
Yangon

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒီးမော့ဆို၊ ဒေါခူလီကျေးရွာရှိ နေအိမ် ၁ လုံး ပျက်စီး

Must read

ရန်ကုန်၊ မတ် ၃၁

ယနေ့ မတ်လ ၃၁ ရက် နံနက် ၇ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါခူလီကျေးရွာရှိ နေအိမ် ၁ လုံး ထိခိုက်ပျက်စီးသွားကြောင်း သတင်းရရှိသည်။

အဆိုပါ ဒေါခူလီကျေးရွာ အနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း၊ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၀ က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်နေပြီး လက်နက်ကြီးကျည်များသည် ဒေါခူလီကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲလျှက်ရှိကြောင်း KNDF တပ်ရင်း ၁၀ ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article