28 C
Yangon

ထားဝယ်တွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုဇေလင်းဦးကို စစ်တပ်က ထောင်ဒဏ် ၂၁ နှစ်ချမှတ်၊ ဒဂုံတက္ကသိုလ် ကျောင်းသူ မဆုမွန်လည်း ထောင်ဒဏ် ၃နှစ်ချမှတ် ခံရ

Must read

ရန်ကုန်၊ မတ် ၃၀

တနင်္သာရီတိုင်း ထားဝယ်မြို့ အကျဉ်းထောင်တွင် အကြမ်းက် စစ်တပ်က ဖမ်း ဆီးထားသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုဇေလင်းဦးကို မတ်လ ၃ဝရက်နေ့တွင် စစ်တပ်က မတရားစွဲဆိုထားသော အမှု ၆မှုအတွက် ထောင်ဒဏ် ၂၁နှစ်ကို ထောင်တွင်း တရားရုံး၌ အပြီးသတ် အမိန့် ချမှတ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကိုဇေလင်းဦးကို အကြမ်းဖက် စစ်တပ်က ပုဒ်မ ၃၀၂ ၊ ၃၂၆ ၊ ၅၀၅(က)၊ ၅၀၅(ဂ)၊ ၁၉(စ)၊ ၁၉ (င) တို့ဖြင့် မတရားဖမ်းဆီး စွဲဆိုထားခြင်းဖြစ်ပြီး မတ်လ ၃ဝရက်နေ့တွင် ပုဒ်မ(၃၀၂) အတွင် ထောင်ဒဏ် ၁၀နှစ်၊ ပုဒ်မ ၃၂၆ အတွက် ထောင်ဒဏ် ၁၅နှစ်ချမှတ်ခဲ့ကာ ပုဒ်မ ၅၀၅(က)၊ ၅၀၅(ဂ)၊ ၁၉(စ)၊ ၁၉ (င)တို့ အတွက် ထောင်ဒဏ်(၆) နှစ်ကို ယမန်နှစ် ၂ဝ၂၁ ခုနှစ် နိုဝင်ဘာ(၃)ရက်က အမိန့်ချမှတ်ခံထားပြီးဖြစ်သော်လည်း အမှုအားလုံးပေါင်းအတွက် စုပေါင်း ထောင်ဒဏ် ၂၁နှစ်ကို ထောင်တရားရုံးက အပြီးသတ် ထပ်မံ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကိုဇေလင်းဦး၏ ဇနီးဖြစ်သူ မနှင်းစုလှိုင်သည်လည်း ယမန်နှစ် ၂ဝ၂၁ ခုနှစ် ဧပြီလအတွင်း၌ မတရားဖမ်းဆီးပြီး အလုပ်နှင့် ထောင်ဒဏ် (၄)နှစ် အမိန့်ချမှတ်ခံထားရကြောင်း သိရသည်။

အလားတူ ဒဂုံတက္ကသိုလ် ရှေးဟောင်း သုတေသန ပညာဌာန ကျောင်းသူ မဆုမွန်ကို အကြမ်းဖက် စစ်တပ်က မရမ်းကုန်းမြို့နယ် တရားရုံးတွင် မတ်လ ၃ဝရက် နေ့၌ ထောင်ဒဏ် ၃နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။

မဆုမွန်ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ၂၀၂၁ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် စစ်တပ်က မတရားဖမ်းဆီးခဲ့ပြီး နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (က) နှင့် တရားစွဲဆိုခဲ့ကာ ထောင်ဒဏ် ၃နှစ် ချမှတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article