31 C
Yangon

Facebook Account များကို စစ်တပ်က ထောက်လှမ်းကြည့်ရှုခြင်း၊ Facebook မှတစ်ဆင့် ထောက်လှမ်း ဖမ်းဆီးခြင်းများ မပြုလုပ်နိုင်ရေး Profile Lock ချထားကြရန် ပြည်သူများသို့ အသိပေး၊ သတိ ပေးချက် ထုတ်ပြန်ခြင်း

Must read

အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူများအပေါ် အမျိုးမျိုးသော ဖိနှိပ်မှုများလုပ်ဆောင်လျက်ရှိနေရာ အကြမ်းဖက် စစ်အုပ်စု၏ ဘက်တော်သားနှင့်လော်ဘီများဖြစ်ကြသည့် ဟန်ငြိမ်းဦး၊ ရွှေဘ၊ Justice Seeker Group အပါအဝင် ပုံစံအမျိုး ၊ နာမည် အမျိုးမျိုးသော အကောင့်များဖြင့် ပြည်သူများ၏ Facebook အကောင့်များကို ဝင်ရောက်ကြည့်ရှုကာ Telegram တွင် Screenshot တင်၍ ရဲနှင့်စစ်တပ်ကို ဖမ်းဆီးခိုင်းခြင်းများ၊ ငွေညှစ်ခြင်းများ၊ ခြိမ်းခြောက်ခြင်းများ ဆက်တိုက် လုပ်ဆောင်နေပါသည်။

ထို့ကြောင့် သတင်းဖတ် ပြည်သူများအနေဖြင့် မိမိတို့၏ Facebook အကောင့်များကို အကြမ်းဖက်စစ်အုပ်စုဘက်တော်သားများ ထောက်လှမ်းခြင်း၊ ကြည့်ရှုခြင်း မပြုနိုင်ရေးအတွက် Profile Lock လုပ်ထားကြပါရန် အသိပေးအပ်ပါ သည်။

Facebook Account ကို Lock လုပ်ထားပါက မိမိတင်နေသော အကြောင်း အရာများကို သူငယ်ချင်းအဖြစ် လက်ခံထားခြင်းမရှိသော ပြင်ပမှ ပုဂ္ဂိုလ်များ၊ အကြမ်း ဖက်စစ်တပ်၏ ဘက်တော်သားများ ဝင်ရောက်ကြည့်ရှု၍ မရသဖြင့် မိမိ ၏ လုံခြုံရေးအတွက် အထူးပင် ကောင်းမွန်လုံခြုံပါကြောင်း သတိပေး အသိပေး အပ်ပါသည်။

ထို့ပြင် မိမိနှင့်သိကျွမ်းခြင်းမရှိဘဲ Facebook သူငယ်ချင်းအဖြစ် လက်ခံခြင်း၊ Account အတုများကို သူငယ်ချင်းဖြစ်နေပါက သူငယ်ချင်းအဖြစ်ဖယ်ရှား Unfriend လုပ်ခြင်း၊ သိကျွမ်းခြင်းမရှိသောသူများက Friend Request ပေးပို့လာပါက သေချာစွာ စိစစ်၍ Friend အဖြစ် လက်ခံခြင်းများကို မိမိတို့၏ လုံခြုံရေးအတွက် အထူးသတိထားဆောင်ရွက်သင့်ပါကြောင်း အကြံပြု တိုက်တွန်းအပ်ပါသည်။

ရန်ကုန်ခေတ်သစ်
အယ်ဒီတာအဖွဲ့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article