36 C
Yangon

နေပြည်တော် မင်းအောင်လှိုင် အလေးပြုခံပွဲ တက်ပြီး ၁ ပတ်အကြာ မကွေး ဝန်ကြီးချုပ် တင့်လွင်နှင့် ဝန်ကြီး ၃ ဦး ကိုဗစ်ကူးစက်ခံရ

Must read

ရန်ကုန်၊ မတ် ၁

အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အလေးပြုရသည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ စိန်ရတု ပြည်ထောင်စုနေ့ ဗိုလ်ရှုခံပွဲ တက် ရောက် ခဲ့သည့် မကွေးဝန်ကြီးချုပ် တင့်လွင့်နှင့် ဝန်ကြီး ၃ ဦး ကိုဗစ်ရောဂါ ကူးစက် ခံရကြောင်း နေပြည်တော်သတင်းရပ်ကွက်က အတည်ပြုပြောဆိုသည်။

မကွေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်တင့်လွင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သူရသွင်ကိုကို၊ တိုင်းရင်းသား ရေးရာဝန်ကြီး ထွန်းခင်၊ ဥပဒေချုပ် ဝင်းမြင့်တို့ ၄ ဦး ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကိုဗစ် ကူးစက်ခံရကြောင်း၊ နေအိမ်တွင် မကွေး စစ်ဆေးတပ်မှ အရာရှိများက ဆေးကုသမှု ပေးရာမှ လက် ရှိတွင် ကျန်းမာရေး ကောင်းမွန်ပြီး နေအိမ်တွင် ဆက်လက် Quarantine ထား ရှိကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေး ကျင်းပခဲ့ရာ ဝန်ကြီးချုပ် တင့်လွင်က အွန်လိုင်းမှ တစ်ဆင့် တက်ရောက်ခဲ့ကြောင်း၊ ကိုဗစ်ကူးစက်ခံရသော်လည်း လက်ရှိတွင် တာဝန်များ ပြန်လည် ထမ်းဆောင်နေပြီဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဖေဖော်ဝါရီလ ၂၅ ရက်နေ့ အွန်လိုင်းမှ အစည်းအဝေး တက်နေတဲ့ တင့်လွင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article