36 C
Yangon

စစ်ကိုင်းနှင့် မကွေးတို့တွင် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ ၅ဦး သေဆုံးပြီး ကြံ့ဖွတ်ပါတီ ကိုယ်စားလှယ်လောင်း သေနတ်ဖြင့် ပစ်ခံရ

Must read

ရန်ကုန်၊ မတ် ၁

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ ချောင်းဦး၊ ပခုက္ကူ၊ ကန့်ဘလူ၊ မြင်းမူ စသည့် မြို့နယ်များရှိ အကြမ်းဖက် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ ၅ဦးကို အမည်မသိ သေနတ်သမားများက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကာ ကောလင်းမြို့နယ် ကြံ့ဖွတ်ပါတီ ကိုယ်စားလှယ် လောင်းလည်း သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ပခုက္ကူမြို့နယ်
========

မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က ပခုက္ကူမြို့ အမှတ်(၃)ရပ်ကွက် သီရိရတနာ လမ်းမပေါ်တွင် အကြမ်းဖက် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ အေးမွန်စံကို အမည်မသိ သေနတ်သမားများက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်
==========

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာတွင် ဖေဖော်ဝါရီလ ၂၈ ရက် ၊ နံနက် ၄ နာရီ ၃ဝမိနစ်ခန့်က အကြမ်းဖက် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ် ခံရသူ ဝင်းကြိုင် နေအိမ်၌ရှိနေစဉ် အမည်မသိ လူတစ်စုက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများ ထံမှ သိရသည်။

မြင်းမူမြို့နယ်
=======

စစ်ကိုင်းတိုင်း မြင်းမူမြိုနယ်၊ ဆပ်ပျာကျင်းကျေးရွာတွင် ဖေဖော်ဝါရီလ ၂၈ နေ့၊ ညနေ ၄ နာရီခန့်က အကြမ်းဖက် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ ဌေးဌေးနှင့် ရဲမင်းခေါင်တို့ လင်းမယား ၂ဦးကို အမည်မသိ သေနတ်သမား များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ချောင်းဦးမြို့နယ်
=========

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကုလားကြီးကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ ပျူစောထီးအဖွဲ့ဝင် စောဝင်းကို ဖေဖော်ဝါရီလ ၂၈ရက် မွန်းလွဲ ၁နာရီခန့်တွင် ဗိုလ်တောက်ပ ဦးဆောင်သည့် အဖွဲ့က ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ကောလင်းမြို့နယ်
==========

စစ်ကိုင်းတိုင်း ကောလင်းမြိုတွင် ဖေဖော်ဝါရီလ ၂၈ရက်နေ့ ညနေ ၅နာရီခန့်က ကြံ့ဖွတ်ပါတီ စစ်ကိုင်းတိုင်း လွှတ်တော် ကိုယ်စားလှယ်လောင်း သောင်းဝင်းကို ၎င်းနေအိမ်၌ ရှိနေစဉ် အမည်မသိ သေနတ်သမားများ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံပြည်သူများ ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article