36 C
Yangon

စစ်ကားဖြင့် ပြည်သူကို တိုက်သတ်မှု ” ကိုယ်ချင်းစာတရား ကိုမရှိတာ” ဟု လူမှုကွန်ရက်တွင် မှတ်ချက်ပေးမှု အငြိမ်းစား ဒုတိယရဲမှူးကြီးမြင့်အောင် အဖမ်းခံရ

Must read

ရန်ကုန်၊မတ် ၁

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် ယမန်နှစ် ဒီဇင် ဘာလ ၅ ရက်နေ့ စစ်အာ ဏာရှင် ဆန့်ကျင်ရေး လူငယ်များကို စစ်ကားဖြင့် တိုက် သတ်မှုကို “ကိုယ်ချင်းစာတရားကို မရှိတာ” ဟု မှတ်ချက်ပြုမှုကြောင့် အငြိမ်းစား ဒုတိယရဲမှူးကြီးမြင့်အောင်ကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရဲသတင်းရပ်ကွက်မှ သိရှိရသည်။

အငြိမ်းစားဒုတိယရဲမှူးကြီးမြင့်အောင်နှင့် CID မှုခင်းရဲတပ်ဖွဲ့(စီအိုင်ဒီ)ရဲအရာရှိသင်/ထောက်လေ့ကျင့်ရေးသင်တန်းကျောင်း အုပ်ကြီး ဒုတိယရဲမှူးကြီး ဇော်ဝင်းတို့က စစ်ကားဖြင့် ပြည်သူကို တိုက်သတ်မှု နှင့်ပတ်သက်၍ ရှုတ်ချကြောင်း အပြန်အလှန် Comment ရေးသားခဲ့ကြပြီးနောက် နှစ်ဦးစလုံး အဖမ်းခံထားရ ကြောင်း သိရှိရသည်။

” ဒုရဲမှူးကြီး (အငြိမ်းစား) မြင့်အောင်ကလည်း စစ်ကားနဲ့ တိုက်သတ်တဲ့လုပ်ရပ်ကို ရှုတ်ချတယ်၊ ကိုယ်ချင်း စာတရားကို မရှိတာဆိုပြီး ကွန်းမင့် ရေးတယ်။ အငြိမ်းစားရဲမှူးကြီးမြင့်အောင်ရဲ့ ကွန်းမင့်အောက်မှာ ဒုတိယရဲမှူးကြီး ဇော်ဝင်းက လူစိတ်မရှိသူတွေ၊ တိရိစ္ဆာန်ထက်ဆိုးတဲ့သူတွေဆိုပြီး Comment ရေးခဲ့တယ်။ အခု နှစ်ဦးစလုံး အဖမ်းခံထားရတယ်။ ကျနော်တို့ကြားတာ ရှေ့ဆင့် နောက်ဆင့်ပဲ နှစ်ဦးစလုံး အဖမ်းခံရတာက ” ဟု ရဲသတင်းရင်းမြစ်က ပြောသည်။

CID ကျောင်းအုပ်ကြီး ဒုရဲမှူးကြီးဇော်ဝင်းကို ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရဲစည်းကမ်းဖောက် ဖျက်မှု၊ ပုဒ်မ ၅၀၅ (က) တို့ဖြင့် အမှုဖွင့် တရားစွဲဖွယ်ရှိကြောင်း၊ အငြိမ်းစား ဒုတိယရဲမှူးကြီးမြင့်အောင်ကိုမူ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဖွယ်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့ ဆန္ဒပြပြည်သူများကို စစ်ကားဖြင့် တိုက်သတ်ပြီးနောက် မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article