30 C
Yangon

ရွှေဘို နှမစားရစ်ကျေးရွာသား ဦးသိန်း၊ ဦးစိုးလွင်နှင့် ဒေါ်ခင်သန်း တို့ကို စစ်တပ်က မီးရှို့သတ်ဖြတ်၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်ကျ၍ မရင်ရင်စန်းလည်း ပွဲချင်းပြီးသေဆုံး

Must read

ရန်ကုန်၊ မတ် ၁

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် နှမစားရစ်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ဒေသခံပြည်သူများဖြစ်သည့် ဦးသိန်း၊ ဦးစိုးလွင်နှင့် ဒေါ်ခင်သန်းတို့ကို စစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့ပြီး စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ပြီး ဒေသခံပြည်သူ မရင်ရင်စန်းလည်း ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ကျေးရွာအတွင်းသို့ ဝင်ရောက်လာစဉ်တွင် ထွက်ပြေး တိမ်းရှောင်ရန် ပြုလုပ်နေသည့် မရင်ရင်စန်းသည့် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကာ ဦးသိန်း၊ ဦးစိုးလွင်နှင့် ဒေါ်ခင်သန်းတို့သည် ထွက်ပြေးတိမ်းရှောင် နိုင်ခြင်းမရှိဘဲ ကျေးရွာအတွင်း၌ ကျန်ခဲ့ကာ စစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” မရင်ရင်စန်းက ထွက်ပြေးတိမ်းရှောင်ဖို့ လုပ်နေတုန်း စစ်တပ် ပစ်တဲ့ လက်နက်ကြီးကျည် ထိပြီး ပွဲချင်းပြီး သေဆုံးသွားတာ ကျန်တဲ့ ၃ဦးကတော့ စစ်တပ်က မီးရှို့သတ်ဖြတ်သွားတာ ဦးစိုးလွင်က အသက် ၅ဝ ဝန်းကျင် လောက်ရှိပြီး ဒေါ်ခင်သန်းကတော့ အသက် ၇ဝ ဝန်းကျင်လောက်ရှိပြီး ဦးသိန်းကတော့ အသက် ၉၀ ဝန်းကျင်လောက်ရှိပြီး သူတို့က မပြေးနိုင်ဘူး” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

ထို နှမစားရစ်ကျေးရွာတွင် အိမ်ခြေ ၅၀၀ ကျော်ရှိပြီး စစ်တပ်က အိမ်ခြေ ၃၇၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယင်းကျးရွာသို့ စစ်ကူလာသော ပေါက်ချိုင်ကျေးရွာမှ LPDFတပ်ဖွဲ့ဝင် ၁၅ ဦးလည်း ကျဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article