ရန်ကုန်၊ မတ် ၂
အကြမ်းဖက် လူသတ် စစ်ကောင်စီက မတရားဖမ်းဆီး ထောင်ချထားသော ပိုင်တံခွန်၊ လူမင်း၊ ပြေတီဦးနှင့်အိန္ဒြာ ကျော်ဇင်တို့ ထောင်မှ ပြန်လွှတ်ပေးလိုက်ကြောင်း အကြမ်းဖက်စစ်ကောင်စီက ယနေ့ ကြေညာသည်။
ပိုင်တံခွန်၊ လူမင်း၊ ပြေတီဦးနှင့်အိန္ဒြာ ကျော်ဇင်တို့ကို ထောင်မှ ပြန်လွှတ်ပေးမည်ဖြစ်ပြီး ဒါရိုက်တာ၀ိုင်းကိုမူ တရားစွဲဆိုထားသော အမှု ပိတ်သိမ်းမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာသည်။
Beauty Blogger ဝင်းမင်းသန်းကိုမူ ပုဒ်မ ၅၀၅ (က) ဖြင့် ချမှတ်ထားသော ပြစ်ဒဏ်လျှော့ပေါ့ပေးလိုက်ကြောင်း၊ အခြားမတရားအမှုဆင် ဖမ်းဆီးထားသော ပုဒ်မများဖြင့် ဆက်လက်၍ ပြစ်ဒဏ်ကျခံနေရကြောင်း စစ်ကောင်စီ၏ ကြေညာချက်က ဆိုသည်။