26.3 C
Yangon
- Advertisement -spot_img

ARCHIVE

Monthly Archives: March, 2022

ရေစကြိုနှင့် ကျောက်ထုတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မိုင်းဆွဲ တိုက်ခိုက် ခံရပြီး စစ်သား ၈ဦးသေဆုံး၊ မုံရွာတွင်လည်း ကမ္ဘောဇဘဏ်ခွဲ ၃ ခု ဖောက်ခွဲ တိုက်ခိုက်ခံရ

ရန်ကုန်၊ မတ် ၂၀ မကွေးတိုင်း ပခုက္ကူ-ရေစကြို လမ်းပိုင်းရှိ ပခုက္ကူမြို့သို့ ပြန်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ လိုက်ပါလာသည့် ကား ၁စီးကို ယနေ့ မတ်လ ၂ဝ ရက်နေ့ မွန်းလွဲ ၁၂နာရီ ၄ဝမိနစ်ခန့်တွင် ပခုက္ကူ လေယာဉ် ကွင်းအနီး ဒေသခံ...

ဘင်္ဂလားပင်လယ်ပြင်အတွင်းမှ မုန်တိုင်းငယ်မှ မြန်မာနိုင်ငံဘက်သို့ ဦးတည်နေ၊ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်

ရန်ကုန်၊ မတ် ၂၀ ဘင်္ဂလားပင်လယ်ပြင်အတွင်းမှ မုန်တိုင်းငယ်မှ မြန်မာနိုင်ငံဘက်သို့ ဦးတည်နေပြီး မကြာမီ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီးမြန်မာနိုင်ငံဘက်သို့ ဗဟိုပြုနေကြောင်း၊ ...

ဒီးမော့ဆို၊ ဒေါငံခါးကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်က တပတ်အတွင်း အများပြည်သူပိုင် နေအိမ် ၄၀ လုံးကျော် မီးရှို့ဖျက်ဆီး၊ ပစ္စည်းများခိုးယူ

ရန်ကန်၊ မတ် ၂၀ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သည် မတ်လ ၁၃ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့အထိ တပတ်အတွင်း အများပြည်သူပိုင် နေအိမ်များမှ ပစ္ဏည်းများကို လုယက်၊ ခိုးယူသလို နေအိမ် ၄၀ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုက...

တောင်ငူတွင် ဗကသ ကျောင်းသားများ “ဖိနှိပ်မှု ဟူသမျှ ဖြိုဖျက်ကြ အလုပ်သမားထု တိုက်ပွဲကို ဝန်းရံကြ” စာတန်း ချိတ်ဆွဲ

ရန်ကုန်၊ မတ် ၂၀ တောင်ငူခရိုင် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အ.ထ.က (၁) တောင်ငူကျောင်းသားများ သမဂ္ဂ(ဗကသများအဖွဲ့ချုပ်) တို့ပူးပေါင်းကာ ယနေ့ မတ်လ ၂၀ ရက်နေ့တွင် တောင်ငူမြို့ တစ်နေရာ၌ "ဖိနှိပ်မှုဟူသမျှ ဖြိုဖျက်ကြ အလုပ်သမားထုတိုက်ပွဲကို ဝန်းရံကြ" စာတန်း ချိတ်ဆွဲခဲ့ကြောင်း...

မုံရွာတွင် “ဖိဖို့ကမင်းတို့တာဝန်ဆို ကြွဖို့က ငါတို့တာဝန် ၅/” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြ

ရန်ကုန်၊ မတ် ၂၀ မုံရွာမြို့တွင် Monywa Youths Revolutionary Force လူငယ်များ ဦးဆောင်ကာ "ဖိဖို့က မင်းတို့တာဝန်ဆို ကြွဖို့က ငါတို့တာဝန် ၅/" စာတန်း ကိုင်ဆောင်ကာ ယနေ့ မတ်လ ၂၀ ရက်နေ့တွင် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။Photo -...

သထုံ၊ ကျောက်တောင်ရွာ ဘုရားပွဲကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဘုရားပွဲခင်းထဲသို့ ကျရောက်ပေါက်ကွဲပြီး အသက် ၇ နှစ်အရွယ် ကလေးငယ် အပါအဝင် ၃ ဦး သေဆုံး

ရန်ကုန်၊ မတ် ၂၀ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျောက်တောင်ကျေးရွာတွင် ကျင်းပလျက်ရှိသော ဘုရားပွဲကို မတ်လ ၁၉ ရက်နေ့ညပိုင်းတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အသက် ၇ နှစ်အရွယ်ကလေးငယ် အပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ကားများ ထိခိုက်သွားကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က...

အာဏာသိမ်း စစ်ကောင်စီက ကေအဲန်ယူ – ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေအတွင်း လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်

ရန်ကုန်၊ မတ် ၂၀ အာဏာသိမ်း စစ်ကောင်စီက ကေအဲန်ယူ - ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေအတွင်းမတ်လ၁၉ ရက်နေ့ မနက် ၂ နာရီ အချိန်မှာ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ KNU ဗဟို ကထုတ်ပြန်လိုက်ပါတယ်။ကေအဲန်ယူ - ညောင်လေးပင်ခရိုင် တပ်မဟာ...

အကြမ်းဖက်ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်သည့် ရွာပေါင်းစုံသပိတ် ချီတက်

ရန်ကုန်၊ မတ် ၂၀ ဆားလင်းမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင် အရှေ့ခြမ်း ရွာပေါင်းစုံသပိတ်ကို ကျေးရွာလူထု က ၃၇၅ ရက်မြောက်နေ့အဖြစ် အကြမ်းဖက်ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်ချီတက်မှု မတ် ၂၀ ရက်တွင် ပြုလုပ်ခဲ့သည်။

အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးတပ်တွင် အရာရှိနှင့်စစ်သည်များက စစ်ဆင် ရေးထွက် စစ်သည်များ၏ဇနီးများကို လိင်ပိုင်းဆိုင်ရာစော်ကားမှုနှင့် လူမှုရေးဖောက်ပြန်မှုများ တပ်မှူး ဗိုလ်မှူးကြီးသက်ဇင်ထွန်းက အရေးမယူဘဲ ခွင့်ပြုထား

ရန်ကုန်၊ မတ် ၂၀ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာရှိ အမှတ် (၆) စစ်အခြေခံလေ့ကျင့်ရေးတပ်မှ တပ်မှူး ဗိုလ်မှူးကြီးသက်ဇင်ထွန်း(ပြန်တမ်းဝင်အမှတ်ကို Facebook Community Standardအရ ထည့်သွင်းဖော်ပြ၍ မရပါ)က တပ်တွင်း အရာရှိနှင့်စစ်သည်များက စစ်သည်များ၏ဇနီးများကို လိင်ပိုင်းဆိုင်ရာစော်ကားမှုနှင့် လူမှုရေးဖောက်ပြန်မှုများကို အရေးမယူဘဲ ခွင့်ပြုထားကြောင်း သိရှိရသည်။ အမှတ်...

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် ဖက်ဆစ် စစ်အာဏာသိမ်းမှုအလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒပြပွဲပြုလုပ်

ရန်ကုန်၊ မတ် ၂၀ တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့တွင် ဒယ်ဂူးဆရာတော် ဦးဆောင်ကာ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာသိမ်းမှုအလိုမရှိကြောင်းဆန့်ကျင်ဆန္ဒပြပွဲများပြုလုပ်ခဲ့ပြီး ဒယ်ဂူးဆရာတော်မှ ရန်ပုံငွေများများထောက်ပံ့နိုင်ရန်မိန့်ကြားခြင်းကို ယ‌နေ့ မတ် ၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

Latest news

- Advertisement -spot_img