38 C
Yangon

CDM စစ်သားများ ဩစတြေးလျတွင် ခိုလှုံခွင့်ဗီဇာပေးမှု စစ်တပ်ထဲတွင် နူကလီးယားဗုံးပေါက် သကဲ့ သို့ တုန်ခါရိုက်ခတ်၊ စစ်အရာရှိကြီးများက တပ်နယ်အားလုံး ဆင်း၍ အလိမ်အညာသတင်း၊ သတင်းအတုဟု ရှင်းလင်းနေ၊ ဩစတြေးလျက မြန်မာနိုင်ငံမှ စွန့်ခွာလာသူ ၂၀၀၀ ကို ခိုလှုံခွင့်ထပ်ပေးမည်ဟု တရားဝင်ကြေညာ

Must read

ရန်ကုန်၊ ဧပြီ ၁

မင်းအောင်လှိုင်စစ်တပ်ကို စွန့်ခွာလာသော CDM စစ်သားများကို ဩစတြေးလျနိုင်ငံတွင် ခိုလှုံခွင့်ဗီဇာပေးအပ်သည်ဆိုသော သတင်းသည် စစ်တပ်ထဲတွင် နူကလီးယားဗုံးပေါက်သကဲ့သို့ တုန်ခါသွားသဖြင့် စစ်အရာရှိကြီးများက တပ်နယ်အားလုံး ဆင်း၍ အဆိုပါသတင်းသည် အလိမ်အညာသတင်း၊ သတင်းအတုဖြစ်ကြောင်း ရှင်းလင်းပွဲလုပ်ဆောင်နေရသည်ဟု တပ်သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“စစ်တပ်ထဲမှာ ဩဇီကိစ္စက အတော် ဂယက်ထနေတယ်။ နူကလီးယား ဗုံးပေါက်သလိုကို ဖြစ်တာ။ တပ်တိုင်းမှာလိုလို ဒါဘာလုပ်ပြီး ဩဇီကိစ္စကမဟုတ်ဘူး။ ဩဇီက CDM စစ်သားတွေ မခေါ်ဘူးဆိုပြီးမိသားစုဝင်တွေကိုသေချာ လိုက်ပြီး ပြန်လိမ်နေကြတယ်။ အရာရှိတွေကိုယ်တိုင် တစ်နာရီခွဲလောက်ကို ထပ်တလဲလဲဩဇီကိစ္စ မဟုတ်ဘူးချည်းပြောနေတာ” ဟု တပ်သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ရှင်းလင်းပွဲတွင် စစ်အရာရှိများက အရာရှိနှင့်စစ်သည်များ CDM လုပ်ပါက ကျန်ရစ်သောမိသားစု ဆွေမျိုးများကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ကြောင်း၊ လူပျိုစစ်သည်များကို အဆောင်တွင် မထားတော့ဘဲ အလုပ်များအကြားတွင် တောက်လျှောက် လုပ်စေကြောင်း သိရှိရသည်။

“ဒါဘာမှာ စစ်သည်တွေကို CDMလုပ်ရင် မိသားစုကိုပါဖမ်းမယ်ဆိုတဲ့ပုံစံမျိုးနဲ့ခြိမ်းခြောက်တယ်။လူပျိုစစ်သည်တွေကိုဆို အဆောင်မှာ မထားဘဲ အလုပ်မှာပဲထားတော့တယ်” ဟု တပ်သတင်းရင်းမြစ်က ပြောသည်။

အကြမ်းဖက်စစ်တပ်က ဩစတြေးလျနိုင်ငံက CDM စစ်သားများကို လက်ခံမှု သတင်း အမှားဟု ရှင်းလင်းပွဲများ လုပ်ဆောင်နေသော်လည်း ဩစတြေးလျနိုင်ငံကမူ မြန်မာနိုင်ငံမှ စွန့်ခွာလာသူ ၂၀၀၀ ကို ခိုလှုံခွင့်ပေးမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၉၅ သန်း မြန်မာပြည်သူများကို ကူညီမည်ဖြစ်ကြောင်း မတ်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည်။

မြန်မာ့အရေး တစိုက်မတ်မတ် လှုပ်ရှား ဆောင်ရွက်နေသည့် လွှတ်တော်အမတ် ဒန်စမစ်က ဩစတြေးလျ ဝန်ကြီးချုပ် စကော့မောရစ်ဆန်၏ ပြောကြားချက်ကို ကိုးကားပြီး ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် မတ်လ ၂၉ ရက်နေ့က ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ အကူအညီ လိုအပ်နေတဲ့ မြန်မာနိုင်ငံက ဒုက္ခသည် ၂,၀၀၀ ကို လူသားချင်းစာနာမှု အစီအစဉ်တွေ အရ ဗီဇာ ထုတ်ပေးမှာ ဖြစ်ပြီးတော့ လက်ရှိ ဘဏ္ဍာနှစ် အတွင်းမှာလည်း မြန်မာ ပြည်သူတွေ အတွက် အမေရိကန် ဒေါ်လာ ၉၅ သန်းကို ထောက်ပံ့ ကူညီမှာပါ ” ဟု လွှတ်တော်အမတ် ဒန်စမစ်က ရေးသားခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article