34 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတွင် တိုက်ပွဲများဖြစ်ပွားပြီး BGF နှင့်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် မတ်လ ၃၀ ရက်နေ့ တိုက်ပွဲများဖြစ်ပွားပြီး BGF နှင့်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးကြောင်း KNU တပ်မဟာ ၅ မူတြော်သတင်းစဉ်က သတင်းထုတ် ပြန်သည်။

မတ်လ ၃၀ ရက်နေ့တွင် ဖာပွန်မြို့ပြင်၊ ရှမ်းကိုင်းရပ်ကွက်ရှိ စစ်ကောင်စီ တပ်အင်အားဖြည့်တင်းခြင်း၊ လက်နက်ခဲယမ်းပို့ဆောင်ခြင်းနှင့် ရိက္ခာသယ်ယူပို့ဆောင်ရန် အသုံးပြုနေသည့် တံတားတစ်စင်းကို ဖောက်ခွဲရှင်းလင်းလိုက်ကြောင်း၊ ထို့နေ့တွင်ပင် ထီးကဆောမဲ(ဆင်စွယ်)မှ စစ်တပ်အတွက် BGF တပ်ဖွဲ့က စားနပ်ရိက္ခာပို့ဆောင်အပြီး ပြန်လည်ထွက်လာစဉ် KNU က တိုက်ခိုက်ရာ BGFဘက်မှ ၉ ဦးသေဆုံးပြီး အလောင်းများကို ချန်ရစ်ခဲ့ကြောင်း သိရှိရသည်။

မတ်လ ၃၀ ရက်နေ့ နံနက် ၈ ၄၃ မိနစ်အချိန် မကမို(ကမမောင်း)မှထွက်ခွာလာသည့် စစ်တပ် ယန္တရားတပ် မှ ၆ ဘီးကား ၃ စီးကို တစ်ကြိမ်နှင့် နံနက် ၁၁ နာရီ ၀၅ မိနစ်အချိန်တွင် တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် KNU က တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

မတ်လ ၃၁ ရက် နံနက် ၈ နာရီ ၅၈ မိနစ်အချိန် ဝါဒိုစိုးအခြေစိုက်စစ်ကောင်စီတပ်စခန်းကို KNU တပ်များက ဝင်ရောက်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁ ဦးသေဆုံးသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- KNU တပ်မဟာ ၅ နယ်မြေကို ကျူးကျော် ဝင်ရောက်လာ၍ မိုင်းဆွဲခံရသည့် အကြမ်းဖက်စစ်ကားများ။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article