26 C
Yangon

ရန်ကုန် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် ကြံ့ဖွတ်ပါတီဝင်နှင့် စစ်တပ်သ တင်းပေး ရင်ရင်ဝင်း သေဆုံး ၊ ပခုက္ကူမှ Non-CDM ပညာရေးမှူးနှင့် မန္တလေး စိန်ပန်းရပ်ကွက် စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံရသူ အသတ်ခံရ

Must read

ရန်ကုန်၊ ဧပြီ ၅

ရန်ကုန်တိုင်း ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် ၅၃ ရပ်ကွက်တွင် ဧပြီလ ၄ ရက်နေ့ ည ၈နာရီဝန်းကျင် ကြံ့ဖွတ်ပါတီဝင် ရင်ရင်ဝင်းကို အမည်မသိ သေနတ်သများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သေဆုံးသူ ကြံ့ဖွတ်ပါတီဝင် ရင်ရင်ဝင်းသည် ဦးခေါင်းကို သေနတ်ကျည် ၃ချက်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” သူက ရပ်ကွက်ထဲက ဒလန်စစ်စစ်ဗျ။ ဈေးထဲမှာနေတာ ဈေးထဲမှာ အပြင်ထွက်တဲ့ အချိန် ပစ်သတ်ခံရတာ ၃ချက်ထိပြီး ပွဲချင်းပြီး သေသွားတယ်။ အာ ဏာသိမ်းကတည်းက ဒလန်ပါပဲ။ တစ်ရပ်ကွက်လုံးကို ဘောပင် တစ်ချောင်းကိုင်ပြီး ဖဲဝိုင်းက အစ အကုန် ဆက်ကြေးတောင်းတာ သူပစ်သတ်ခံရတဲ့ နားမှာက အသီးအရွက် ရောင်းတဲ့ ဆိုင်လေးတွေရှိတယ် သူတိူ့ကို ဒူးထောက်ခိုင်းထားပြီး စစ်နေတာပေါ့။ အနီးစပ်ဆုံး ဆိုင်က လူကိုဖမ်းသွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

ကြံ့ဖွတ်ပါတီဝင်ရင်ရင်ဝင်း သေဆုံးပြီးနောက် အကြမ်းဖက် စစ်တပ်က ပစ်ခတ်မှု ဖြစ်ပွားခဲ့သော နေရာအနီးအနားရှိ အသီးအရွက် ရောင်းချသည့် ဈေးသည်များကို ဒူးထောက်ခိုင်းပြီး စစ်ဆေးမှုများ ပြုလုပ်ပြီး ဈေးသည် ၁ ဦးကို ဖမ်းဆီးခေါ်သွားကြောင်း သိရသည်။

အလားတူ ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်း မန္တလေးမြို့၊စိန်ပန်းလက်ပံရပ်ကွက်မှ စစ်ကောင်စီသတင်းပေး ဟု သတ်မှတ်ခံထားရသူ စန်းလွင် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

“မန္တလေး စိန်ပန်းမှာ အဖမ်းခံရတဲ့ကလေးတွေ အကုန်က သူ့လက်ချက်တွေပေါ့။ သူ့ကြောင့် သေတဲ့သူတွေလည်း သေကုန်တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် စန်းလွင်သည် စစ်တပ်သတင်းပေးဟုတ်၊ မဟုတ် အတည်ပြုနိုင်ခြင်းမရှိပေ။

အလားတူ ဧပြီလ ၅ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် ပခုက္ကူမြို့နယ် ပညာရေးမှူးဒေါ်တင်တင်ရီအသတ်ခံရကြောင်း၊ ပခုက္ကူမြို့ အမှတ် ၁၅ သာသနာရိပ်သာခေါင်းရင်းလမ်းတွင် အသတ်ခံရခြင်းဖြစ်ကြောင်း၊ ဒေါ်တင်တင်ရီသည် Non-CDM ဝန်ထမ်းဖြစ်ပြီး CDM ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများကို ရုံးပြန်တက်ရန် ဖိအားပေးသူဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article