25 C
Yangon

ရန်ကုန်၊ ရွှေပြည်သာနှင့်ကြည့်မြင်တိုင်မြို့နယ်တို့တွင် ဗုံးပေါက်ကွဲ၊ သန်လျင်တွင် စစ်ကောင်စီခန့် မြို့ဟောင်းအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူး ရဲထွဋ် သေ နတ်ဖြင့် ၃ ချက် အပစ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၅

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်နှင့်ကြည့်မြင်တိုင်မြို့နယ်တို့တွင် ယနေ့ နံနက်ပိုင်း ဗုံးများပေါက်ကွဲပြီး သန်လျင်တွင် စစ်ကောင်စီခန့် မြို့ဟောင်းအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူး ရဲထွဋ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများနှင့်တော်လှန်ရေးအဖွဲ့များထံမှ သိရှိရသည်။

ယနေ့ ဧပြီလ ၅ ရက်နေ့ နံနက်၇ နာရီ၄၀မိနစ်ဝန်းကျင်အချိန်ခန့် ရွှေပြည်သာမြို့နယ် အမှတ်(၉) ရပ်ကွက်၊ အထက (၅) စာသင်ကျောင်းအနီးရှိ စစ်တပ်နှင့်ရဲ လုံခြုံရေးဂိတ်တခုကို SHWEPYITHER DEFENCE FORCEနှင့် YUGA(MO-7 Eagle) မှ ရဲဘော်များက မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီဘက်မှ ၂ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

“စာမေးပွဲရက်ဖြစ်သဖြင့် ကျောင်းသား/မိဘများ အထိအခိုက်မရှိစေဖို့ စစ်ရေးပစ်မှတ်ကိုပဲ အဓိက ဦးတည် ဖောက်ခွဲပါတယ်။ ကျနော်တို့ခွဲတဲ့အချိန် အဲ့နေရာမှာ ရဲခွေးနှစ်ကောင်နဲ့စစ်ခွေးတစ်ကောင်ရှိပါတယ်
၂ ကောင်တော့ ဒဏ်ရာရတယ်။ ခဏကြာတော့ လမ်းတွေပိတ်ထားပြီး လူနာတင်ယာဉ် မီးတန်းဖွင့်ပြီး ရပ်တာလည်းမြင်လိုက်တယ်” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောဆိုသည်။

အလားတူ ဧပြီလ ၅ ရက်နေ့ နံနက်၆ နာရီ ၁၅ မိနစ်အချိန် ကြည့်မြင်တိုင်မြို့နယ် ဗားဂရာလမ်းနှင့်ထီးတန်းစျေးထောင့်ရှိ စစ်ကောင်စီကင်းလှည့်ယာဉ်တန်းကို တိုက်ခိုက်ရန်စောင့်ဆိုင်းနေစဉ် မှားယွင်းချို့ယွင်းမှုကြောင့် ဗုံးတစ်လုံးပေါက်ကွဲသွားကြောင်း၊ အဆိုပါပေါက်ကွဲမှုတွင် အထိခိုက်မရှိကြောင်း၊ ပြည်သူများအနေဖြစ်ပေါက်ကွဲမှုဖြစ်ပါကွာ ဝေးရာသို့ရှောင်ရှားကြပါရန်နှင့်စပ်စုခြင်းမပြုလုပ်ဘဲ စစ်ကောင်စီအဖွဲ့အစည်းဒေါက်တိုင်များနှင့်အဆောက်အဦးများကို ဝေးဝေးမှ သာရှောင်သွားကြရန် ရန်ကုန်အခြေစိုက် Dark Shadow (YGN) မှ တာဝန်ရှိရဲဘော်တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ရန်ကုန်တောင်ပိုင်းခရိုင် ၊ သန်လျင်မြို့နယ်တွင် စစ်ကောင်စီခန့် မြို့ဟောင်းအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှုး ရဲထွဋ်ကို သန်လျင်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (TLPDF) က ယနေ့ နံနက် ၇ နာရီ ၃၉ မိနစ်တွင် သေနတ်ဖြင့် ၃ ချက်ပစ်ခတ်ရာ သေဆုံးသွားကြောင်း သန်လျင်TLPDF က သတင်းထုတ် ပြန်သည်။

စစ်အကောင်စီခန့် မြို့ဟောင်းအရှေ့ အုပ်ချုပ်ရေးမှူး ရဲထွဋ် သည် ဒေသခံ လူ ထု၏ တိုင်ကြားချက်များစွာကြောင့် သန်လျင် ပကဖက ၎င်း၏ ပြစ်မှုများအား စုံစမ်းစစ်ဆေးခဲ့ကြောင်း၊ ပြည်သူကို စကစနှင့် ပေါင်း၍ အာဏာသုံး နှိပ်စက်ကြောင်း သက်သေများနှင့်တကွ တွေ့ရှိရသဖြင့် ရှင်းလင်းခြင်းဖြစ်ကြောင်း သန်လျင် TLPDF က သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း ပစ်သတ်ခံလိုက်ရသည့် သန်လျင်မြို့နယ်မှ စစ်ကောင်စီခန့် မြို့ဟောင်းအရှေ့ အုပ်ချုပ်ရေးမှူး ရဲထွဋ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article