30 C
Yangon

တောင်သာမြို့နယ် ဇဂျမ်းကျေးရွာတွင် အသက် ၂၀ နှစ်အရွယ် စိတ်ဝေဒနာ သည် အမျိုးသမီးကို စစ်သားက မုဒိမ်းကျင့်၊ ရဲစခန်းက အမှုလက်မခံ၍ ကိုယ်ဝန် မရှိစေရန် ဆေးထိုးရ၊ မုဒိမ်းမှုဟု အမည်တပ်ပြောဆိုသူများကို သေနတ်ဖြင့် ပစ်မည်ဟု စစ်တပ်က ခြိမ်းခြောက်

Must read

ရန်ကုန်၊ ဧပြီ ၇

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇဂျမ်းကျေးရွာတွင် အသက် ၂၀ အရွယ် စိတ်ဝေဒနာသည်အမျိုးသမီး( အမည်သိရှိသော်လည်း ကာယကံရှင်၏ လုံခြုံရေးအတွက် မဖော်ပြပါ) တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးက ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် မုဒိမ်းကျင့်ကြောင်း ဒေသခံများနှင့်ကျူးလွန်ခံရသူ၏ မိဘဆွေမျိုးများထံမှ သိရှိရသည်။

ဧပြီလ ၅ ရက်နေ့ နံနက် ၁၀ နာရီ တောင်သာမြို့နယ်၊ ဇဂျမ်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် လုံခြုံရေးအစောင့်ကျနေသော စစ်သားတစ်ဦးက ကျောင်းဘေးအနီးရှိ နေအိမ်တစ်ခုမှ အသက် ၂၀ အရွယ် စိတ်မနှံ့သူ အမျိုးသမီးကို ခေါ်ယူ မုဒိမ်းကျင့်ကြောင်း၊ မိဘများက နေအိမ်တွင်မရှိချိန် စိတ်မနှံ့သူ အမျိုးသမီးငယ်ကို စစ်သား ခေါ်ဆောင်သွားသည်ကို တွေ့၍ ပတ်ဝန်းကျင်က မိဘများကို အကြောင်းကြားပြီး လိုက်လံရှာဖွေရာမှ မုဒိမ်းကျင့်သည့် စစ်သားက ထွက်ပြေးသွားကြောင်း၊ အမှုလုပ် ပြဿနာရှာသူများကို ပစ်ခတ်သတ်ဖြတ်မည်ဟု စစ်သားက ခြိမ်းခြောက်ပြောဆိုသွားကြောင်း သိရှိရသည်။

“မုဒိမ်းကျင်ခံရတဲ့ အမျိုးသမီးက ဉာဏ်ရည်မမှီဘူး။ သူ့အဖေက ကြံ့ခိုင်ရေးပါတီဝင်။ မိန်းကလေးရဲ့ မိဘတွေက လက်လုပ်လက်စားတွေပါပဲ။ သူတို့အိမ်က ကျောင်းအနောက်ဖက်မှာ။ ကျောင်းမှာက လုံခြုံရေးလာယူတဲ့ စစ်တပ်ရှိတယ်။ မုဒိမ်းကျင့်တာက အဲဒီစစ်တပ်က စစ်သား။ မနေ့ (ဧပြီလ ၅ ရက်နေ့ ) မနက် ၁၀နာရီလောက်က ဖြစ်တာပါ။ စစ်သားက မုဒိမ်းကျင့်တာ လူမိသွားတော့ သွားပြောတဲ့ကောင် သေနတ်နဲ့ပစ်မယ်ဆိုပြီး ခြိမ်း ခြောက်တယ်။ ရဲစခန်းတိုင်တော့ အမှုလက်မခံဘူး။ သူတို့စစ်တပ်ခေါင်းဆောင်ကို တိုင်တော့ သက် သေပြဆိုပြီး ပြောတယ်။ အမှုဖွင့်မရတော့ ကောင်မလေး အဖေက ဖြစ်ပြီးပြီးချင်း သူ့သမီးကို ဆေး ခန်းခေါ်ပြီး တားဆေးသွားထိုးတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

စစ်သားက မုဒိမ်းကျင့်သည့်ဖြစ်စဉ်ကို ဇဂျမ်းကျေးရွာတစ်ခုလုံးက သိရှိကြပြီး မုဒိမ်းကျင့်သူ စစ်သားကို‌ အရေးယူပေးရန် တောင်းဆိုကြသော်လည်း စစ်တပ်အရာရှိက သမီးရည်းစား ချစ်ကြိုက်၍ ညားသည့်ပုံစံ ပြောဆိုလာကြောင်း သိရှိရသည်။

“စိတ်မနှံ့တဲ့ကောင်မလေးကို စစ်သားက ကျောင်းခြံစည်းရိုးမှာ စကားခေါ်ပြောပြီး ကောင်မလေးက ကျောင်း အနောက်ဖက်စျေးထဲသွားတဲ့အခါ ခြံစည်းရိုးကိုကျော်ပြီး စစ်သားက လိုက်သွားတယ်ပေါ့။ စျေးကုန်းဘက်မှာ မုဒိမ်းကျင့်တာ။ အဲဒါကို စစ်တပ်ဘက်က အလိုတူလို့ သမီးရည်စားလိုလို ညားကြတယ်လို့ ပြောလာတယ်။ မုဒိမ်းကျင့်တာမဟုတ်ဘူး၊ ဘာသက်သေမှမရှိဘူး ဆိုတာမျိုး တပ်ဘက်ကငြင်းတယ်။ စျေးက ကျောင်းအနောက်ဘက်ကပ်လျက်မှာပါ” ဟု ဇဂျမ်းကျေးရွာဒေသခံက ပြောဆိုသည်။

လက်ရှိတွင် စိတ်မနှံ့သူ အမျိုးသမီးကို မုဒိမ်းကျင့်သည့် စစ်သားမှာ ဇဂျမ်းကျေးရွာကျောင်းတွင် မတွေ့ရတော့ဘဲ စစ်တပ်က တစ်နေရာသို့ ရှောင်တိမ်းခိုင်းလိုက်သည့်သဘောရှိသည်ဟု ဒေသခံများက ဆိုကြသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်သားတစ်ဦးကို မြင်တွေ့ရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article