25 C
Yangon

ပခုက္ကူ မြစ်ခြေမြို့ ဈေးတွင် စစ်တပ်နှင့် ရဲက အမျိုးသား ၁ဦးကို “ကျွန်တော် PDF ပါ၊ အမေစုသားပါ”ဟု အော်ခိုင်းပြီး ပစ်သတ်ကာ ရုပ်အလောင်းကို မြေမြုပ်ဖျောက်ဖျက်

Must read

ရန်ကုန်၊ ဧပြီ ၁၁

မကွေးတိုင်း၊ပခုက္ကူမြို့နယ် မြစ်ခြေမြို့ ဈေးတွင် ဧပြီလ ၁ဝ ရက်နေ့ နံနက်ပိုင်း၌ မြစ်ခြေမြို့ ရဲစခန်းတွင် တပ်စွဲထားသော စစ်တပ်နှင့် ရဲများက အမျိုးသား ၁ ဦးကို လက်ပြန်ကြိုးတုပ်ကာ “ကျွန်တော် PDF ပါ၊ အမေစုသားပါ”ဟု အော်ခိုင်းပြီး ပစ်သတ်ကာ ရုပ်အလောင်းကို မြေမြုပ်ဖျောက်ဖျက်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ အမည်မသိ အမျိုးသားကို မြစ်ခြေ ကျွန်းချောင်းလမ်းဆုံ စဘေလမ်းခွဲရှိ သင်္ချိုင်းတွင် ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး ယင်း အလောင်းကို အဆိုပါ သင်္ချိုင်း၌ပင် မြေ မြုပ် ဖျောက်ဖျက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ ဖမ်းဆီးထားပြီး လိုက်အော်ခိုင်းတဲ့သူက PDF တပ်ဖွဲ့ဝင်လား။ ပြည်သူလား။ ဘယ်သူလဲဆိုတာ မသိရသေးဘူး။ အမည်လည်းမသိရသေးဘူး။ PDF တပ်ဖွဲ့ဝင်ဆိုရင်လည်း အဲလိုလုပ်စရာ ဘာအကြောင်းမှ မရှိဘူး။ စစ်ခွေးတွေကို ပြည်သူတွေက ပိုရွံလာပြီ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

စစ်တပ်နှင့် ရဲများ ပစ်သတ်ခဲ့သော အမည်မသိ အမျိုးသား ရုပ်အလောင်းကို ဒေသခံပြည်သူ တစ်ဦးအား မြေမြုပ်ခိုင်းပြီး စဘေလမ်းခွဲ သင်္ချိုင်းတွင် ဖျောက် ဖျက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article