25 C
Yangon

မြစ်ကြီးနား ကြံ့ဖွတ်ရုံး မိုင်းကွဲ၊ တစ်မြို့လုံး စစ်ကောင်စီ၏သင်္ကြန် ပါဝင်ခြင်းမရှိဘဲ တော်လှန်သင်္ကြန်ဆင်နွှဲသဖြင့် တိတ်ဆိတ်ခြောက်ကပ်

Must read

ရန်ကုန်၊ ဧပြီ ၁၃

ကချင်ပြည်နယ်၊ မြို့တော်မြစ်ကြီးနားမြို့တွင် ခရိုင်ကြံ့ဖွတ်ရုံး ယနေ့ နံနက် ၁၁ နာရီခွဲတွင် ဗုံးပေါက်ကွဲပြီး ကားတချို့ပျက်စီးသွားကြောင်း သိရှိရသည်။

ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့တွင် စစ်ကောင်စီ၏ မြစ်ကြီးနား လမ်းလျှောက်သင်္ကြန်မုခ်ဦးကို မီးရှို့မှု ဖြစ်ပွားခဲ့သည်။

မြစ်ကြီးနားတစ်မြို့လုံးရှိ ပြည်သူများက စစ်ကောင်စီ၏ သင်္ကြန်တွင် ပါဝင်ခြင်းမပြုဘဲ သပိတ်မှောက် တော်လှန်နေကြသည့်အတွက် တစ်မြို့လုံး ရေပက်မည့်သူ ၊ ရေပက်ခံမည့်သူမရှိဘဲ တိတ်ဆိတ်ခြောက်ကပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

“မြစ်ကြီးနားမှာ မဏ္ဍပ်က ပြည်နယ်အစိုးရရုံးရှေ့နဲ့ မြို့တော်ခန်းမရှေ့ နှစ်ခုပဲရှိတယ်။ အဲဒါလည်း သူတို့ဟာ သူတို့ စစ်ခွေးတွေ ကနေကြတာ။ ကတာ ၂၀ လောက် လုံခြုံရေးက ၅၀ ၊ ၆၀ လောက်ရှိတယ်။ လမ်းဆုံလမ်းခွတိုင်းမှာလည် စစ်ခွေး ရဲခွေးတွေချည်းပဲ။ ပြည်သူတွေက ဘယ်သူမှ ရေမပက်ဘူး၊ ရေပက်ခံ မထွက်ဘူး။ တော်လှန်သင်္ကြန်ဆင်နွှဲနေကြတာ” ဟု မြစ်ကြီးနားဒေသခံတစ်ဦက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article