25 C
Yangon

ပေါက်မြို့နယ် သက္ကယ်ကျင်း ကျေးရွာကို စစ်တပ်က မီးရှို့ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၅ဝကျော် မီးလောင်ပြာကျ

Must read

ရန်ကုန်၊ ဧပြီ ၁၃

မကွေးတိုင်း၊ ပေါက်မြို့နယ် အနောက်တောင်ပိုင်းရှိ သက္ကယ်ကျင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဧပြီလ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၂ဝ မိနစ်ခန့် တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၅ဝကျော် မီးလောင် ပြာကျ ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်း ရွာလမ်းမကြီးရှိ နေအိမ်များ၊ ရွာအရှေ့ခြမ်းနှင့် မြောက်ခြမ်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်ဆီး ခဲ့ခြင်းဖြစ်ပြီး ဒေသခံပြည်သူများက ကျေးရွာအတွင်းသို့ ဝင်ရောက် မီးငြိမ်း သတ်ရန် ကြိုစားခဲ့သော်လည်း စစ်တပ် စစ်ကြောင်းများ ထပ်မံ ရောက်ရှိ လာမည်ကို စိုးရိမ်သောကြောင့် မီးငြိမ်းသတ်မှု မပြီးဆုံးခင် ပြန်လည် ထွက်ခွာခဲ့ရကြောင်း သိရသည်။

” သက္ကယ်ကျင်းကျေးရွာကို စစ်တပ်က ဒီနေ့ နံနက်ပိုင်းလောက်က မီးရှို့ သွားတာ ပြည်သူပိုင် နေအိမ် ၅ဝ ကျော်လောက် မီးထဲပါသွားတယ်။ မီးတောင် ပြီးအောင် မငြိမ်းသတ်ခဲ့ရဘူး။ စစ်ကြောင်းတွေ ထပ်ရောက် လာမယ်လို့ သတင်းကြားလို့ ပြန်ထွက်ခဲ့ရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင် သက္ကယ်ကျင်း ကျေးရွာအပြင် ကိုင်းမရွာ၊ လက်ပံလှရွာနှင့် တစူးရွာ များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article