25 C
Yangon

NUG အစိုးရ တစ်နှစ်ပြည့်အဖြစ် အမေရိကန်သမ္မတနေထိုင်ရာ အိမ်ဖြူတော်မှ လွှတ်တော် Capital Hill အထိ ချီတက်ပြီး မြန်မာစစ်အာဏာရှင် စနစ် ချုပ်ငြိမ်းချမ်းရေး ဆန္ဒပြ

Must read

ရန်ကုန်၊ ဧပြီ ၁၇

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်တွင် NUG အစိုးရ တစ်နှစ်ပြည့်အဖြစ် အမေရိကန်သမ္မတနေထိုင်ရာ အိမ်ဖြူတော်မှ လွှတ်တော် Capital Hill အထိ ချီတက်ပြီး မြန်မာစစ်အာဏာရှင် စနစ် ချုပ်ငြိမ်းချမ်းရေး ဧပြီလ ၁၆ ရက်နေ့ (မြန်မာစံတော်ချိန် ဧပြီလ ၁၇ ရက်နေ့) တွင် ဆန္ဒပြ သပိတ်မှောက်ကြသည်။

Save Myanmar USA က ဦးစီး ကျင်းပ သည် အမျိုးသားညီညွတ်ရေး အစိုးရ ဖွဲ့စည်းချင်း တနှစ်မြောက် အထိမ်းအမှတ် ချီတက်ပွဲကို ဧပြီလ ၁၆ ရက်နေ့ စနေနေ့ တွင် ဝါရှင်တန် ဒီစီ တွင် တိုင်းရင်းသားပေါင်းစုံ ပါဝင်သည်။

အမေရိကန်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမေရိကန်စံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၃၀မှ မှ ညနေ ၅ နာရီ အထိ ကျင်းပခဲ့ကြောင်း၊ White House အိမ်ဖြူတော် ရှေ့မှာ စုရုံး ကြပြီး အိမ်ဖြူတော်မှ Capital Hill ထိ ချီတက်ကြသည်။

NUG ဝန်ကြီး ဦးအောင်မျိုးမင်း၊ဝန်ကြီး ဦး မိုးဇော်ဦး၊ ဝန်ကြီး ဦးထင်လင်းအောင်တို့အပါအဝင် တိုင်းရင်း သား များက အမှာ စကားပြောကြားခဲ့ကြပြီး မြို့ခံ ဝါရှင်တန်ဒီစီ နေ မြန်မာတိုင်းရင်းသားညီအကိုမောင်နှမ များက အစားအသောက်များ ကျွေးမွေးကြသည်။

အဆိုပါချီတက်ပွဲကို မြန်မာပြည်ဖွားတိုင်းရင်းသား ညီအကို မောင်နှမ ၅၀၀ ကျော် တက်ရောက်ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article