25 C
Yangon

မင်းအောင်လှိုင်က သူ့ကိုယ်သူ သတိုးသီရိသုဓမ္မဘွဲ့၊ သတိုးမဟာသရေစည်သူ ဘွဲ့ ပြန်ပေး၊ ရုပ်ရှင်သရုပ်ဆောင် ခိုင်သင်းကြည်၏ လူမှုထူးချွန်တံဆိပ်ကို မင်းအောင်လှိုင်က ပြန်ရုပ်သိမ်းဟုကြေညာ

Must read

ရန်ကုန်၊ ဧပြီ ၁၇

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကိုယ်သူ ဘွဲ့တံဆိပ်နှစ်ခု ပေးအပ်ချီးမြှင့်ကြောင်း ၎င်း၏ အမိန့်ဖြင့် ယနေ့ ကြေညာချက်ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝန်ကြီးချုပ်ဟောင်း ဦးနု၊ သမ္မတ စန်းယု၊ ဝန်ကြီးချုပ်ဟောင်းနှင့်စစ်အာဏာရှင် နေဝင်း၊ စစ်အာဏာရှင်ဟောင်း သန်းရွှေ၊ ယာယီသမ္မတ ကြေညာထားသူ မြင့်ဆွေတို့ကို ဘွဲ့တံဆိပ်များ ချီးမြှင့်ကြောင်း ကြေညာခဲ့သည်။

မင်းအောင်လှိုင်က သူ့ကိုယ်သူလည်း ယနေ့တွင် သတိုးသီရိသုဓမ္မဘွဲ့၊ သတိုးမဟာသရေစည်သူ ဘွဲ့များ ပြန်လည် ပေးအပ်ကြောင်း ကြေညာခဲ့သည်။

ထို့ပြင် မင်းအောင်လှိုင်က မတ်လ ၂၇ ရက်နေ့တွင် ရုပ်ရှင်သရုပ်ဆောင် ခိုင်သင်းကြည်ကို လူမှုထူးချွန်တံဆိပ်(ဒုတိယအဆင့်) ပေးအပ်ထားသည့် အမိန့်ကို ပယ်ဖျက်ကြောင်း ယနေ့ ကြေညာချက် ထုတ်ပြန်သည်။

ရုပ်ရှင်သရုပ်ဆောင် ခိုင်သင်းကြည်က မတ်လ ၂၇ ရက်နေ့ လူမှုထူးချွန်တံဆိပ် ချီးမြှင့်ကြောင်း စစ်ကောင်စီက ကြေညာချိန်တွင် “နေရင်းထိုင်းရင်း ကံဆိုးပြီး ထီက ထပေါက်နေသေးတယ်” ဟု လူမှုကွန်ရက်တွင် ရေးသားခဲ့ပြီးနောက် ယခုကဲ့သို့ ချီးမြှင့်ထားသော လူမှုထူးချွန်တံဆိပ်ကို မင်းအောင်လှိုင်က ပြန်လည် ရုပ်သိမ်းခြင်းလည်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article