25 C
Yangon

ရွှေတောင်တွင် စစ်တိုက်လေယာဉ်မှူး ဗိုလ်မှူးအောင်ကိုဇော်ကို PDF က သေနတ်ဖြင့် ပစ်ခတ်၊ ရန်ကုန်သို့ ဆေးကုသရန် အရေးပေါ် ပို့ဆောင်ရ

Must read

ရန်ကုန်၊ ဧပြီ ၁၇

ပဲခူးတိုင်း၊ရွှေတောင်မြို့တွင် စစ်တပ် ဂျက်တိုက်လေယာဉ်မှူး ဗိုလ်မှူးအောင်ကိုဇော်ကို PDF က သေနတ်ဖြင့် ပစ်ခတ်လိုက်ပြီး ဒဏ်ရာရရှိသွားသဖြင့် ရန်ကုန်သို့ ဆေးကုသရန် အရေးပေါ် ပို့ဆောင်လိုက်ရကြောင်း ပဲခူး PDF က သတင်းထုတ်ပြန်သည်။

ပဲခူးတိုင်း ပြည်ခရိုင်တပ်ရင်း ၃၆၀၂ တပ်ခွဲ ၃ မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်ဝန်းကျင်ခန့်အချိန် အကြမ်းဖက်စစ်ကောင်စီ လေယာဉ်မှူး ဗိုလ်မှူးအောင်ကိုဇော်ကို ၎င်း၏ မွေးရပ်ဇာတိ ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့သို့ ခေတ္တရောက်ရှိနေချိန်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေ့လယ်ပိုင်းတွင် စစ်ကောင်စီကားများ စောင့်ကြပ်လျက် ပရဟိတကားတစ်စီးဖြင့် ဆေးကုသမှုခံယူရန် ရန်ကုန်ဘက်သို့ အရေးပေါ်ထွက်ခွါသွားကြောင်း သိရှိရသည်။

စစ်လေယာဉ်မှူးကို မိုင်းခွဲတိုက်ခိုက်ရန်စီစဉ်ထားခဲ့သော်လည်း မိသားစု နှင့် ကလေးသူငယ်များပါဝင်နေ၍ မိုင်းခွဲ တိုက်ခိုက်မှုအစီအစဉ်ကို ဖျက်သိမ်းခဲ့ပြီး အနီးကပ် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ဗိုလ်မှူးအောင်ကိုဇော်သည် အမှတ် ၃၀၁၇ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း ၊ မင်္ဂလာဒုံလေတပ်စခန်းကဖြစ်ပြီး ချင်းပြည်နယ် ၊ စစ်ကိုင်းတိုင်း ၊ ကရင်ပြည်နယ် နှင့် မကွေးတိုင်းတို့ရှိ ပြည်သူ့ အသက်အိုးအိမ် တို့အား ဗုံးကြဲတိုက်ခိုက်နေသော Mi-35P နှင့် Mi-17 တောင်ပိုင်းလေတပ်ကွပ်ကဲဌာနချုပ်ရှိ ပိုင်းလော့စာရင်း ၅၄ ဦးထဲတွင် ပါဝင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – အကြမ်းဖက်စစ်ကောင်စီ လေယာဉ်မှူး ဗိုလ်မှူးအောင်ကိုဇော်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article