25 C
Yangon

နေပြည်တော် ကြံ့ဖွတ်ရုံးချုပ်နှင့် မြို့တော်ခန်းမ မဏ္ဍပ်တို့ ဖောက်ခွဲ တိုက်ခိုက်ခံရ၊ ပျဉ်းမနားတွင်လည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးပိုင် ဘီယာဆိုင် ဗုံးပစ်ခံရ၊ ထားဝယ်တွင်လည်း စစ်ကားများ မိုင်းဆွဲ တိုက်ခိုက်ခံရကာ စစ်သား ၂ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁၇

နေပြည်တော်ရှိ ကြံ့ဖွတ်ရုံးချုပ်နှင့် မြို့တော်ခန်းမ မဏ္ဍပ်တို့ကို နေပြည်တော် အထူးပြောက်ကျား အင်အားစုက ဧပြီလ ၁၆ ရက်နေ့ ည ၆နာရီ ၄၅ မိနစ်တွင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း နေပြည်တော် အခြေစိုက် တော်လှန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အလားတူ ဧပြီလ ၁၇ရက်နေ့ နံနက် ၁၁နာရီ ၂၂မိနစ်တွင် နေပြည်တော် ပျဉ်းမနားမြို့ အကြမ်းဖက် စစ်ကောင်စီခန့် ကင်ပွန်းတန်း အုပ်ချုပ်ရေးမှူး ကျော်ဆင့်ပိုင် မဟာနွယ် ဘီယာဆိုင်ကို အမည်မသိ အဖွဲ့တစ်ဖွဲ့က ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများ ရှိသော်လည်း အခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

ထို့ပြင် တနင်္သာရီတိုင်း ထားဝယ်မြို့ ဘက်မှ ဆင်းလားသည့် စစ်ကားများကို ပုလော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PPDFက ဧပြီလ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ် ၂၈၅ တပ်ရင်း အနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဦးသေဆုံးခဲ့ကြောင်း PPDF တပ်ဖွဲ့ထံမှ သိရသည်။

ထိုသို့ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က လက်နက်ကြီး လက်နက်ငယ်များဖြင် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း PPDF တပ်ဖွဲ့ဝင်များ အောင်မြင်စွာ ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-ဧပြီလ ၁၇ရက်နေ့ နံနက် ၁၁နာရီ ၂၂မိနစ်တွင် နေပြည်တော် ပျဉ်းမနားမြို့ အကြမ်းဖက် စစ်ကောင်စီခန့် ကင်ပွန်းတန်း အုပ်ချုပ်ရေးမှူး ကျော်ဆင့်ပိုင် မဟာနွယ် ဘီယာဆိုင် ဗုံးပစ်ခံရစဉ် ဒဏ်ရာရရှိသူတစ်ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article