25 C
Yangon

ကျောက်ထု အမြှောက်တပ်၊ ရဲစခန်းနှင့် စစ်တပ်လေယာဉ်ကွင်းကို ပစ်ခတ်တိုက်ခိုက်၊ နမခတိုင်းစစ်ဌာနချုပ်နှင့် ထီးလင်း ကျင်းနယ်မြေရဲစခန်းကိုလည်း တိုက်ခိုက်မှုများ လုပ်ဆောင်

Must read

ရန်ကုန်၊ ဧပြီ ၁၈

မကွေးတိုင်း၊ ကျောက်ထုမြို့ရှိ အမြှောက်တပ် အမတ (၃၆၈)၊ ရဲစခန်းနှင့် စစ်တပ် လေယာဉ်ကွင်းအတွင်းသို့ ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ ဧပြီလ ၁၆ ရက် သင်္ကြန်အတက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် လက် နက်ကြီးများဖြင့် အချက် ၄၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ကျောက်ထု အမြှောက်တပ်နှင့် လေယာဉ်ကွင်းသို့ လက်နက်ကြီး ၁၀ ချက် ပစ်ခတ်ခဲ့ပြီး ကျောက်ထု ရဲစခန်းအတွင်းသို့ လက်နက်ကြီးများဖြင့် ၂၇ ကြိမ် ပစ်ခတ်ရာ လက်နက်ကြီး အလုံးရေ ၂၀ မှာ ရဲစခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များပြားနိုင်ကြောင်း ကျောက်ထု PDF က သတင်းထုတ်ပြန်သည်။

ယင်းနောက် လက်နက်ငယ်များဖြင့် ၁ နာရီနီးပါးခန့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

တိုက်ခိုက်မှုကို ကျောက်ထု PDF နှင့် The Youth Force (Saw & Kyaukhtu) အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဧပြီလ ၁၇ ရက်နေ့ မကွေးတိုင်း၊ထီးလင်းမြို့နယ် ကျင်းကျေးရွာရဲစခန်းကို ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ကျင်းစခန်းကို ဝင်ရောက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က Mi35ဖြင့် လာရောက်ပစ် ခတ်ခဲ့ခဲ့ကြောင်း PDF သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ဧပြီလ ၁၆ ရက်နေ့ ညပိုင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ မုံရွာမြို့ GE တပ်တွင်းသို့ ရှော့ဒုံးအဝေးပစ်များ ပစ်သွင်းခဲ့ ကြောင်း မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MPDF)က ဧပြီလ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဧပြီ ၁၆ ရက်တွင် GE တပ်အတွင်း ကခုန်ပျော်ပါး မူးရူးသောက်စားနေသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များထံ ညီနောင်မဟာမိတ်များနှင့် ပူးပေါင်းကာ မုန့်လုံးရေ ပေါ်အစား ရှော့ဒုံးအဝေးပစ်များဖြင့် သင်္ကြန်လက်ဆောင်များ ပစ်သွင်းပေးခဲ့ကြောင်း၊ အဆိုပါ GE တပ်အတွင်းမှလည်း လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် အချိန်အတော်ကြာ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း MPDF က ထုတ်ပြန်သည်။

နမခတိုင်းစစ်ဌာနချုပ် တိုက်ခိုက်သည့် စစ်ဆင်ရေးကို မုံရွာမြို့နယ်ပကဖ၊ People Guerillas Commando(Myinmu)၊ Golden Eagle/Black Dragon၊ South Monica/East Monywa၊ Knight of the red land/ခွေးသတ်မုဆိုး၊ သွေးကြွေး Fighter Group / ပတ္တမြားညီနောင်တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article