25 C
Yangon

ဒီပဲယင်း မဲအိုးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်း မီးရှို့နေ၊ စိုင်ပြင်မြို့ပေါ်တွင် စစ်တပ်က ပြည်သူပိုင် နေအိမ် ၁လုံးနှင့် ဆိုင်ကယ် ၁ဝ စီးကျော်ကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဧပြီ ၁၉

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်းရှိ မဲအိုးကျေးရွာကို အကြမ်းဖက် စစ်တပ်က အကြမ်းဖက် စစ်တပ်က ယနေ့ ဧပြီလ ၁၉ ရက်နေ့ ညနေ ၅နာရီခန့်တွင် ဝင်ရောက်စီးနင်း မီးရှို့နေကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သော Voice Of Depeyin အဖွဲ့ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်းသို့ ဝင်ရောက် စီးနင်း မီးရှို့နေသည် ဆိုသည့် အကြောင်းကိုသာ အတည်ပြုနိုင်ပြီး ဖုန်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ထားသောကြောင့် ဒေသခံပြည်သူများနှင့် တိုက်ရိုက် မဆက်သွယ်နိုင်သောကြောင့် အခြေအနေ အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် ဒီပဲယင်း အရှေ့ခြမ်း နှင့် ရေဦး အနောက်ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသောကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အလားတူ အကြမ်းဖက် စစ်တပ်သည် ယနေ့ ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် စိုင်ပြင်မြို့ ရဲစခန်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က အမှတ် ၅ ကွက်သစ် အတွင်းရှိ ပြည်သူပိုင် နေအိမ် ၁ လုံးနှင် မြေဆီ ဂိုဒေါင် တိုက်တန်းဈေးရှိ ပြည်သူပိုင် ဆိုင်ကယ် ၁ဝစီးကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်တပ်သည် ၎င်းတို့ ရဲစခန်းကို ဈေးဝယ်ပေးပြီး သတင်းပေးနေသည့် လူ ၁ဦး သတ်ခံရသောကြောင့် ဖြစ်စဉ်နှင့် မသက်ဆိုင်သော ပတ်ဝန်းကျင်ရှိ ပြည်သူများကို စစ်တပ်က အကြမ်းဖက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

” စစ်ခွေးတွေ အတွက် ဈေးအဝယ်တော် ဒလန်သတ်ခံရလို့ ဈေးကို မီးရှို့တာ သတ်ခံရသူက ရဲစခန်းထဲ နေတဲ့ အဝယ်တော် ထမင်းချက် ဈေးထဲမှာ အသတ်ခံရတာ ဈေးဝယ်လာရင် ပစ်သတ်လိုက်တာ လမ်းသွား လမ်းလာ လူမှန်သမျှ အကုန်ရိုက် တွေသမျှ လမ်းပေါ်က ဆိုင်ကယ်တွေ မီးရှို့ ဈေးကိုလဲ မီးရှို့တယ်” ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောဆိုသည်။

Photo – စိုင်ပြင်မြို့တွင် အကြမ်းဖက် စစ်တပ်က ပြည်သူပိုင်နေအိမ်နှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးနေစဉ် ( Voice Of Depeyin)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article