25 C
Yangon

စစ်ကောင်စီခန့် ပုသိမ်ကြီးမြို့နယ် လျှပ်စစ်မန်နေဂျာ ဗိုလ်ကြီးဟောင်း ကျော်ရဲအောင် ပစ်ခတ်ခံရမှုကြောင့် သေဆုံး၊ တပ်မ ၁၀၁ ဗိုလ်ကြီး အောင်ကျော်ဖြိုးဦး၏ ဖခင် ဦးဆန်းညွှန့်ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁၉

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်မှ စစ်ကောင်စီခန့် မြို့နယ်လျှပ်စစ်မန်နေဂျာ ဗိုလ်ကြီးဟောင်း ကျော်ရဲအောင်သည် ယနေ့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း နတ်ဆိုးပျောက်ကြားမြေအောက်တော်လှန်ရေးအဖွဲ့က ပြောသည်။

ဧပြီလ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန် မန္တလေး ၁၉ လမ်းမကြီးပေါ်နန်းဦးလွင်ရွာအနီးတွင် ပုသိမ်ကြီးမြို့နယ် စစ်ကောင်စီခန့် မြို့နယ် လျှပ်စစ်မန်နေဂျာ ဗိုလ်ကြီးကျော်ရဲအောင်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“သူကကားမောင်းလာတာဗျ။ သူ့ကိုကျွန်တော်တို့ စောင့်ကြည့်နေတာကြာပြီဗျ။ သူ့နောက်ကို ဒီနေ့ ညနေ ၅ နာရီ ၄၅ မိနစ် ၁၉ လမ်းမကြီးပေါ်နန်းဦးလွင်ရွာနားမှာ ပစ်ခတ်တာပါ။ သူက ကားမောင်းနေတာ ကျွန်တော်တို့က ဆိုင်ကယ်နဲ့ လိုက်ပစ်ရတာဆိုတော့ ဘေးမှာရပ်ထားတဲ့ပြည်သူ့ကားတစ်စီးကို သူရဲ့ကားကပွတ်မိသွားတယ်။ ပြီးတော့ ဆိုင်ကယ်တစ်စီးပါ ပွတ်မိသွားတဲ့အတွက်ကို ခွင့်လွှတ်ပေးဖို့မေတ္တာရပ်ခံပါတယ်။ ပစ်ခွင့်သာ တဲ့အချိန် ပစ်လိုက်ရတာမို့နား လည်ပေးစေချင်ပါတယ်” ဟု နတ်ဆိုးအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

ထို့ပြင်ပခုက္ကူမြို့ တပ်မ ၁၀၁ တွင် တာဝန်ထမ်းဆောင်သည့် ဗိုလ်ကြီး အောင်ကျော်ဖြိုးဦး ၏ ဖခင်ဖြစ်သူ ဦးဆန်းညွန့်ဦးသည် ဧပြီလ ၁ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ဧပြီလ ၁ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ် အချိန်တွင် စစ်ကိုင်းမြို့နယ်၊ ညောင် ပင် ဝန်းကျေးရွာနေ ဦးဆန်းညွန့်ဦး ပစ်ခတ်ခံရပြီး နဖူး ကျည် ဖောက်ဝင် ဒဏ် ရာ ၁ချက်ဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပုသိမ်ကြီးမြို့နယ် လျှပ်စစ်မန်နေဂျာ ဗိုလ်ကြီးဟောင်း ကျော်ရဲအောင် ပစ်ခတ်ခံရမှုကြောင့် သေဆုံး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article