25 C
Yangon

ပေါက်မြို့နယ် ပုတီးကျေးရွာကို စစ်တပ်နှင့်ပျူစောထီးက မီးဝင်ရှို့၊ အိမ်ခြေ ၆၀ ကျော် မီးလောင်ပြာကျ

Must read

ရန်ကုန်၊ ဧပြီ ၁၉

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ပုတီးကျေးရွာကို ယနေ့ ညနေပိုင်းတွင် စစ်တပ်နှင့်ပျူစောထီးများက မီးဝင်ရှို့ပြီး ပြည်သူပိုင်နေအိမ် ၆၀ ကျော် မီးလောင်ပြာကျသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“မနေ့က စစ်တပ်နဲ့ ပျူတွေက မီးရှို့သွားတဲ့ ချောင်းဆုံရွာနားက ပေါက်မြို့နယ် ပုတီးရွာကို ဒီညနေမှာ စစ်ခွေးတွေနဲ့ ပျူတွေက မီးရှို့တယ်။ ရွာသူရွာသားတွေက ၀င်ငြိမ်းဖို့ကြိုးစားတာ စစ်ခွေးတွေ ပြန်လာလို့ ပြန်ထွက်ပြေးရတယ်။ ရွာမှာ အိမ်ခြေ ၁၀၀လောက်ရှိတာမှာ အိမ်ခြေ ၆၀‌ လောက်မီးလောင်ပြီး ၄၀ လောက်ပဲ။ ညနေ ၅ နာရီ ၄၄ မိနစ် လောက်က စရှို့တာ။ ရွာလယ်လမ်းမကြီးမြောက်ဘက်အိမ်တွေကနေ စရှို့တာ။ ရှို့ပြီး ရွာတောင်ပိုင်းတွေကို ဆိုင်ကယ်စီးသွားပြီး ထပ်ရှို့တာ” ဟု ဒေသခံတစ်ဦးက‌ ပြောဆိုသည်။

ပုတီးရွာကို မီးရှို့သွားသည့် စစ်တပ်နှင့်ပျူစောထီးများသည် ဒီးဒုတ်ကွင်းရွာတွင် အခြေချထားသူများဖြစ်ကြပြီး ဆိုင်ကယ် အစီး၂၀ကျော်ဖြင့် လာရောက် မီးရှို့သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article