25 C
Yangon

မြိုင်မြို့နယ်၊ တဲကြီးကျေးရွာတွင် စစ်တပ်က ပြည်သူ ၃ ဦးကို ပစ်သတ်ပြီး PDF ရဲဘော် ၇ ဦးကိုလည်း ဖမ်းဆီး သတ်ဖြတ်

Must read

ရန်ကုန်၊ ဧပြီ ၁၉

မကွေးတိုင်း မြိုင်မြို့နယ် တဲကြီးရွာအနီးတွင် အကြမ်းဖက် စစ်တပ်နှင့် မြိုင်မြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ တပ်ခွဲ-၁တို့ ဧပြီလ ၁၉ ရက်နေ့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် PDF ရဲဘော် ၇ဦး ဖမ်းဆီးခံရပြီး အကြမ်းဖက် စစ်တပ်က နေရာတွင်ပင် သတ်ဖြတ်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်မတော် ထံမှ သိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီး PDF ရဲဘော်များကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီးနောက် တဲကြီးရွာအတွင်းသို့ စစ်တပ်က ဝင်ရောက်သွားပြီး ကျေးရွာအတွင်း လှည့်လည် ပစ်ခတ်သောကြောင့် ပြည်သူ ၃ဦး ထိမှန်သေဆုံးပြီး ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်က စစ်သား ၁ဦးသေဆုံးခဲ့ပြီး မြိုင်မြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ တပ်ခွဲ-၁မှ ရဲဘော် ၅ဦးနှင့် Local PDF တပ်ဖွဲ့ဝင် ၂ဦးတို့ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း မြိုင်မြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်မတော်က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article